Connect with us

Hi, what are you looking for?

News

ပြည်သူ့ရင်ခွင်ခိုလှုံလာသော စစ်သားနှင့် ရဲများအား အားကစားပြိုင်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ပေး

ဘောလုံးပြိုင်ပွဲနှင့် ခြင်းခတ်ပြိုင်ပွဲများအပြင် အတာသင်္ကြန်အမှတ်တရ သပြေခက်များနှင့်ရေပတ်ခြင်း၊ မုန့်လုံးရေပေါ်လုံးခြင်းများကို ပြုလုပ်ခဲ့ကြပြီး CDM ပြုလုပ်လာသူများမှာလည်း ပျော်ရွှင်ပေါ့ပါးနေကြသည့်ဟန်ပန် တွေ့ရသည်။

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသော စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် အားကစားပြိုင်ပွဲကျင်းပပေးခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံလာသော ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် တွေ့ဆုံပွဲကိုသင်္ကြန်ကာလ ဧပြီ ၁၂ရက်နှင့် ဧပြီ ၁၃ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု ယနေ့ (မေ ၂ရက်)တွင် ထုတ်ပြန်သည်။

CDM ပြုလုပ်လာသူများကို ပြည်သူ့သားကောင်းများဟု အမျိုးသားညီညွတ်ရေးအစိုးရက ညွှန်းဆိုထားသည်။

ဘောလုံးပြိုင်ပွဲနှင့် ခြင်းခတ်ပြိုင်ပွဲများအပြင် အတာသင်္ကြန်အမှတ်တရ သပြေခက်များနှင့်ရေပတ်ခြင်း၊ မုန့်လုံးရေပေါ်လုံးခြင်းများကို ပြုလုပ်ခဲ့ကြပြီး CDM ပြုလုပ်လာသူများမှာလည်း ပျော်ရွှင်ပေါ့ပါးနေကြသည့်ဟန်ပန် တွေ့ရသည်။

Public Service Announcement

Public Service Announcement

လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့သည့် အဆိုပါပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီးဒူဝါလရှီးလနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။