Connect with us

Hi, what are you looking for?

LuduNwayOo

News

ခင်ဦးနယ်ရှိ အင်းပတ်ရွာအား အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၀ဝကျော်ပျက်စီး ၊ ဒေသခံပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်မီးရှို့သွား

အကြမ်းဖက်စစ်တပ်သည် ကျေးရွာအစွန်ရှိ အသက် ၄၀ခန့်အရွယ် ကိုနိုင်ဦးဆိုသူအား ပစ်သတ်ပြီး ကြိုးတုပ်၍ မီးထဲထည့်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

(အင်းပတ်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် အင်းပတ်ကျေးရွာရှိ နေအိမ် ၃၀ဝကျော် ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတစ်ဦး သတ်ဖြတ်မီး့ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် အင်းပတ်ကျေးရွာအား မေလ ၁ ရက်နှင့် ၂ ရက်တွင် နှစ်ရက်ဆက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

သံချပ်ကာကား သုံးစီးနှင့် ရွာသစ်ကုန်းပျူစောထီးအင်အားပေါင်း ၁၀၀ခန့်က မီးရှို့ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ကျေးရွာအစွန်ရှိ အသက် ၄၀ခန့်အရွယ် ကိုနိုင်ဦးဆိုသူအား ပစ်သတ်ပြီး ကြိုးတုပ်၍ မီးထဲထည့်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

Public Service Announcement

Public Service Announcement

အင်းပတ်ရွာသည် အိမ်ခြေ၅၀၀ကျော်ရှိပြီး အကြမ်းဖက်စစ်တပ် မီးရှို့မှုကြောင့် နေအိမ်၃၀၅အိမ်၊ခိုင်းနွား ၁၀ကောင်၊ရေစုပ်စက်၊ စပါးမှုတ်စက်၊ထွန်စက်၂၀လုံး၊ ဆိုင်ကယ်စက်ဘီး ၄၀စီးနှင့် အိမ်တွင်း ပရိဘောဂများစွာ ဆုံးရှုံးခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

“ဘာပစ္စည်းမှ မသယ်နိုင်ဘူး။ အခု နေစရာလ​ည်းမရှိဘူး။ ကျွဲနွားတွေကလ​ည်း ဒဏ်ရာရဆိုတော့ ကျွန်မတို့မှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

(အင်းပတ်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။)

အကြမ်းဖက်စစ်တပ်သည် အင်းပတ်ကျေးရွာအား ငါးကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ယခုနောက်ဆုံးအကြိမ်မီးမှာ ယနေ့ (မေလ၃ရက်) နံနက် ၁၁ နာရီအထိ ငြှိမ်းသတ်ခဲ့ရကြောင်း Khin U Support Organization (KSO) အဖွဲ့က ပြောသည်။

“ဆုံးရှုံးမှုသည် သိန်းထောင်ချီ ဖြစ်ပါတယ်။အင်းပတ်ကျေးရွာ တစ်ခုတည်းမှာတင် လူပေါင်း နှစ်ထောင်ခန့် စားစရာ၊ နေစရာအခက်အခဲဖြစ်နေပါတယ် ။ဒေသတွင်း အကူအညီတွေသာ ရရှိနေကြရတာဖြစ်ပြီး ပြည်သူလုထု တစ်ရပ်လုံးအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုများ မျှဝေပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ် ခင်ဗျာ။”ဟု Khin U Support Organization (KSO) အဖွဲ့က ပြောသည်။

အင်းပတ်ကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ညောင်ပင်ကြီးစုရွာဘက်သွားရာလမ်း၌ မိုင်းမိခဲ့ပြီး ကားတစ်စီး မိုင်းထိခဲ့သည်။

(အင်းပတ်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။)

ခင်ဦးနယ်ရှိ သရက်ကန်၊အင်တိုင်းလေး၊အင်းပတ်၊မူးသာ စသည့်ကျေးရွာလေးရွာမှ ဒေသခံ ပြည်သူ လေးထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်ကို မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။