Connect with us

Hi, what are you looking for?

News

ကျွန်းရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်​ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

အခင်းဖြစ်ရာဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး လမ်းသွားလမ်းလာများအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

(သဲအင်းကျေးရွာ မီးရှိူ့ဖျက်ဆီးခံရစဥ်။)

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် ကျွန်းရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (မေလ ၄ ရက်) နံနက်ပိုင်းက စဉ့်ကူးမြို့နယ်တောင်ပိုင်းတွင် စဉ့်ကူးမဟာမိတ်ပြောက်ကျားတပ်ဖွဲ့များက ထုံးကြီးဘက်မှတက်လာသော စစ်ကားကြီး သုံးစီး၊ စစ်ကားအသေးတစ်စီးတို့ကို ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း စဉ့်ကူးမဟာမိတ်ပြောက်ကျားတပ်ဖွဲ့များက ပြောသည်။

“ထိခိုက်မှုအနေအထားကိုတော့မသိရသေးပါ။”ဟု စဉ့်ကူး မဟာမိတ်ပြောက်ကျားတပ်ဖွဲ့များက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် စဥ့်ကူးနယ်၊ ကျွန်းရွာများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်သည့်အတွက် စဉ့်ကူးမဟာမိတ်ပြောက်ကျားတို့၏ အစွမ်းကိုပြသခြင်းဖြစ်ကြောင်း၊ တက်လက်ပြီး အကြမ်းဖက်စစ်တပ်နှင့် စဉ့်ကူးသွေးသောက်အဖွဲ့များကို တော်လှန်တိုက်ခိုက်ချေမှုန်းသွားမည်ဟု စဉ့်ကူးမဟာမိတ်ပြောက်ကျားတပ်ဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ရာဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး လမ်းသွားလမ်းလာများအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီမြစ်ဘေးကျေးရွာဖြစ်သော စဉ့်ကူးမြို့နယ်၊ ဘုံသာကုန်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက ရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအတွင်း တပ်စွဲထားသည်။

၎င်းတို့သည် ကျောင်းအတွင်း လက်နက်ကြီးတပ်ဆင်ကာ မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှားကွဲ‌ကျေးရွာနှင့် ထုံးဘိုကုန်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် စဉ့်ကူးမြိုနယ်သဲအင်းရွာရှိ ပြည်သူပိုင် အိမ်များအား မေလ ၃ ရက်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။