Connect with us

Hi, what are you looking for?

News

စစ်ခေါင်းဆောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးတဲ့နောက် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်၊ ဖမ်းဆီး ပိုများလာ

စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးတွေ့ဆုံတွေ့ဆုံဆွေးနွေးဖို့ ပြောဆိုလာပြီးတိုင်း တဖက်မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့ စောနန္ဒဆူးက ပြောပါသေးတယ်။

စစ်ကောင်စီက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ခေါ်ဆိုပြီးတဲ့နောက်ပိုင်း ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့ပြီး အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ဖမ်းဆီးတာတွေလည်း ပိုများလာခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ပြောခွင့်ရသူ စောန္ဒဆူးက ဆိုပါတယ်။

လတ်တလောမှာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်၊ သထုံနဲ့ ဒူးပလာယာခရိုင်တွေဘက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)တပ်တို့အကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားပြည်သူ ၁ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ဒူးပလာယာခရိုင်၊ ဖာပွန်ခရိုင်နဲ့ သထုံခရိုင်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့လို့ ဒေသခံတွေတချို့ ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိခဲ့ပြီး နေအိမ်တွေ ဘာသာရေးအဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေအားလုံးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ အရင်ကထက်ပိုမိုများလာခဲ့ပြီး လက်ရှိမှာ စစ်ရှောင်ဦးရေဟာ ၁၇၀၀၀၀ အထက် ရှိနေတာဖြစ်ကာ သူတို့တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အများကြီး လိုအပ်နေတယ်လို့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ကိုယ်ဝန်သည်တွေ ခလေးတွေ သက်ကြီးရွယ်အိုတွေ ဆေးဝါးအကူအညီလိုအပ်တယ်။ အစာအာဟာရလည်း လိုအပ်တယ်။ စစ်ရှောင်အားလုံးအတွက်ကျတော့ လုံလောက်တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလည်း ဆက်လက်ရရှိဖို့တော့ လိုအပ်တာပေါ့။ ပိုများလာတယ်လို့တော့ ပြောလို့ရတာပေါ့။ မတ်လအထိ ၁၇၀၀၀၀ အထက် ရှိတယ်။ လက်ရှိအချိန်မှာ တပ်မဟာ ၁ မှာတင် ၁၀၀၀၀ သောင်းလောက်ရှိနေပြီဆိုတော့ အခုကကျတော့ ၁ သိန်း ၇ သောင်းအထက် အများကြီးကျော်လွန်မယ်ဆိုတာတော့ သေချာတယ်ပေါ့နော်။ ဘာလို့လည်းဆိုလို့ရှိရင် စစ်ပြေးရှောင်တွေက များသထက်များလာတယ်” လို့ စောနန္ဒဆူးက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးမှုနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေလည်း အရင်ကထက် ပိုမိုလုပ်ဆောင်လာခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ကေအဲန်ယူ တပ်မဟာ ၁ ဖားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်းဒေသမှာ နယ်ခြားစောင့်တပ်က ဒေသခံရွာသား ၁၀၀ ထက်မနည်းကို ဖမ်းဆီးပြီး လူသားဒိုင်းကာနဲ့ ပေါ်တာအဖြစ်အသုံးပြုခဲ့သလို ဒူးပလာယာခရိုင် ဝင်းရော်ဒေသဘက်မှာလည်း စစ်ကောင်စီက အရပ်သား ၄၀ ထက်မနည်း ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးတွေ့ဆုံတွေ့ဆုံဆွေးနွေးဖို့ ပြောဆိုလာပြီးတိုင်း တဖက်မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့ စောနန္ဒဆူးက ပြောပါသေးတယ်။

” သူတို့က ငြိမ်းချမ်းရေးစကားပြောဖို့အတွက် လုပ်မယ်လို့ပြောလာပြီးတဲ့နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ရမ်းသမ်းပစ်ခတ်မှုတွေ အပြင်ပေ့ါလေ ဒီဖမ်းဆီးမှုတွေက ပိုပြီးတော့လုပ်ဆောင်လာတာပေါ့။ သူတို့က အဲ့ဒီလိုမျိုးပြောတိုင်းမှာ ဆန့်ကျင်ပြီးတော့မှ စစ်ဖက်ဆိုင်ရာတိုးချဲ့လုပ်ဆောင်လာတာတွေ ကျနော်တို့မြင်နေရတာပေါ့” လို့ စောနန္ဒဆူးက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ဆောင်နေပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တာကြောင့် ပြည်သူတွေရဲ့နေ့စဉ်ဘ၀ဟာလည်း လုံခြုံမှုမရှိဘူးလို့ KHRG ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Facebook