Connect with us

Hi, what are you looking for?

News

ကျေးရွာလမ်းများတွင် စစ်ကောင်စီတပ်ထောင်ထားခဲ့သော မိုင်းများကို ဒီးမော့ဆို PDF ရှင်းလင်း

ဒီးမော့ဆိုမြို့နယ်ကို ထိန်းချုပ်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံး အရင်းဖြင့် ယခုနှစ် ဖေဖော်ဝါရီလဝက်က စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ၎င်းတို့ ထောင်ထားသည့် မိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးများကို ကရင်နီတပ်ဖွဲ့များက ရှင်းလင်းနေသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာလမ်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကထောင်ထားခဲ့သော နင်းမိုင်းများနှင့် တိုက်မိုင်းများကို ဒီးမော့ဆိုပြည်သူကာကွယ်ရေးတပ် DMO-Local PDFက ရှင်းလင်းနေသည့် မှတ်တမ်းဗီဒီယိုဖိုင် ဖြစ်သည်။

” ဒီးမော့ဆို ဒေါငံခါးရပ်ကွက်၁သို့ ကျွန်တော်တို့ DMO တပ်ရင်းBမှ သွားရောက်နယ်မြေရှင်းလင်းရာတွင် စခတွေ ဒေါငံခါးရပ်ကွက် (၁)တွင်ထောင်ထားသော နင်းမိုင်း ၇နှစ်လုံးနှင့် တိုက်မိုင်း၂လုံးအားဖြုတ်ယူသိမ်းဆည်းရမိခဲ့ပါသည်”ဟု DMO Local PDF ရဲဘော် ခွန်ဂျိုးဆပ်က ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်အသွားအလာ အထူးသတိပြုရန်လည်း ၎င်းက တိုက်တွန်းသည်။

Public Service Announcement

ဒီးမော့ဆိုမြို့နယ်ကို ထိန်းချုပ်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံး အရင်းဖြင့် ယခုနှစ် ဖေဖော်ဝါရီလဝက်က စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ၎င်းတို့ ထောင်ထားသည့် မိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးများကို ကရင်နီတပ်ဖွဲ့များက ရှင်းလင်းနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။