Connect with us

Hi, what are you looking for?

News

ကျေးရွာလမ်းများတွင် စစ်ကောင်စီတပ်ထောင်ထားခဲ့သော မိုင်းများကို ဒီးမော့ဆို PDF ရှင်းလင်း

ဒီးမော့ဆိုမြို့နယ်ကို ထိန်းချုပ်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံး အရင်းဖြင့် ယခုနှစ် ဖေဖော်ဝါရီလဝက်က စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ၎င်းတို့ ထောင်ထားသည့် မိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးများကို ကရင်နီတပ်ဖွဲ့များက ရှင်းလင်းနေသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာလမ်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကထောင်ထားခဲ့သော နင်းမိုင်းများနှင့် တိုက်မိုင်းများကို ဒီးမော့ဆိုပြည်သူကာကွယ်ရေးတပ် DMO-Local PDFက ရှင်းလင်းနေသည့် မှတ်တမ်းဗီဒီယိုဖိုင် ဖြစ်သည်။

” ဒီးမော့ဆို ဒေါငံခါးရပ်ကွက်၁သို့ ကျွန်တော်တို့ DMO တပ်ရင်းBမှ သွားရောက်နယ်မြေရှင်းလင်းရာတွင် စခတွေ ဒေါငံခါးရပ်ကွက် (၁)တွင်ထောင်ထားသော နင်းမိုင်း ၇နှစ်လုံးနှင့် တိုက်မိုင်း၂လုံးအားဖြုတ်ယူသိမ်းဆည်းရမိခဲ့ပါသည်”ဟု DMO Local PDF ရဲဘော် ခွန်ဂျိုးဆပ်က ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်အသွားအလာ အထူးသတိပြုရန်လည်း ၎င်းက တိုက်တွန်းသည်။

Public Service Announcement

ဒီးမော့ဆိုမြို့နယ်ကို ထိန်းချုပ်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံး အရင်းဖြင့် ယခုနှစ် ဖေဖော်ဝါရီလဝက်က စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ၎င်းတို့ ထောင်ထားသည့် မိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးများကို ကရင်နီတပ်ဖွဲ့များက ရှင်းလင်းနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို​တော်လှန်​ရေးတပ်​များက စီးနင်းတိုက်ခိုက်ခဲ့ရာ သေနတ်တစ်လက်နှင့် ကျည်ဘောက်ကိုးခု ရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီနှင့် ချုပ်ဆိုထားသော စာချုပ်များသည် ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

သတင်း

PJပတ်စပို့စ်ကိုင်ဆောင်သူများ ပြည်ပထွက်ခွင့် ပိတ်၊ ၅ရက်ကြို ခွင့်ပြုချက်တင်ရမည်ဟု ဆို