Connect with us

Hi, what are you looking for?

News

ကြီးမြတ်စွာကျဆုံးခဲ့သော PDF သူရဲကောင်းများအတွက် ငွေတိုက်စာချုပ်များဝယ်ယူကူညီ​သောအစီအစဥ်စတင်

အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေ မှုန်းမည့် နွေဦးတော်လှန်ရေး၏ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ရင်သွေးတစ်ဦး၊ လင်ယောင်္ကျား(သို့)ဇနီးမယားတစ်ဦး၊ ဖခင်(သို့) မိခင်တစ်ဦး၊ ဆွေမျိုးသားချင်းတစ်ဦး စသဖြင့် ဆုံးရှုံးလိုက်ရသည့် မိသားစုတစ်စု၏ ဆုံးရှုံးမှုသည် ဘာနှင့်မျှ အစားထိုးလို့မရပါ။

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာကျဆုံးခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ် မတော် PDF သူရဲကောင်းများအတွက် ငွေတိုက်စာချုပ်ဝယ်ယူမည့်အစဥ်အစဥ်ကို ယနေ့(မေ ၅)စတင်လိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်မှု တစ်နှစ်ပြည့်မြောက်သည့် မေ ၅ ရက်(ယနေ့) တွင် ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ စီမံ ကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာ န(MOPFI) နှင့် Public Voice Television (PVTV)တို့ ပူးပေါင်းပြီး ယင်းအစီအစဥ်အား အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဖော်ပြ သည်။

နွေဦးတော်လှန်ရေး၏ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာအသက်ပေးခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအတွက် PVTV ၏ Youtube Channel ဖြစ်သော youtube.com/c/pvtvmyanmar ကို ပြည်သူများ ကြည့်ရှုကြရာကရရှိသော ဝင်ငွေများမှ NUG Bond များ​ကို တစ်လလျှင် (၃)ဦးနှုန်းဝယ်ယူပေးသွားမည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေ မှုန်းမည့် နွေဦးတော်လှန်ရေး၏ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ရင်သွေးတစ်ဦး၊ လင်ယောင်္ကျား(သို့)ဇနီးမယားတစ်ဦး၊ ဖခင်(သို့) မိခင်တစ်ဦး၊ ဆွေမျိုးသားချင်းတစ်ဦး စသဖြင့် ဆုံးရှုံးလိုက်ရသည့် မိသားစုတစ်စု၏ ဆုံးရှုံးမှုသည် ဘာနှင့်မျှ အစားထိုးလို့မရပါ။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဖြေသိမ့်ပေး၍မရနိုင်သော်လည်း ကျန်ရစ်သူမိသားစုများ၏ ဘဝနောင်ရေးအတွက် စောင့်ရှောက်မှု တစ်စုံတစ်ရာပေးနိုင်ရန် ရင်းနှီးပေးဆပ်ခဲ့သူတို့၏ကိုယ်စား အသက်ရှင်ကျန်ရစ်နေကြသူအားလုံးတွင် တာဝန်ရှိသည်ဟု ခံယူပြီး ကျဆုံးခဲ့သည့် PDF များ၏ ကျန်ရစ်သူမိသားစုများကို ဝိုင်းဝန်းစောင့် ရှောက်ကြရမည်မှာ အသက်ရှင်ကျန်ရစ်ကြသူအားလုံး၏ တာဝန်သာဖြစ်သည်ဟု ထောက်ပြ သည်။

ထို့ကြောင့် တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြသော PDF များ၏ ကျန်ရစ်သူ မိသားစုများအတွက် Bond ဝယ်ယူပေးချင်သူများ ရှိပါက PVTV သို့ ဆက်သွယ်နိုင်ပြီး PVTV မှ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနတို့နှင့် ချိတ် ဆက်ဝယ်ယူပေးသွားမည်ဟု ဖော်ပြသည်။
(ဝယ်ယူလိုပါက https://facebook.com/ourspringheroes Facebook Page ၏ Messenger မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။)

ကျဆုံးသူရဲကောင်း၏ တော်လှန်ရေးအမည်ပါဝင်သော Bond စာချုပ်ကို အလှူရှင်ထံ ပေးပို့ပေးသွားမည်ဖြစ်ကာ NUG က Bond ငွေများ ပြန်လည်ထုတ်ပေးသည့်အခါ
ကျဆုံး PDF များ၏ ကျန်ရစ်သူမိသားစုထံဆီ ရောက်ရှိအောင် MOD, MOPFI နှင့် PVTV တို့က တာဝန်ယူ ပေးပို့ပေးသွားမည်ဖြစ်သည်။

ကျန်ရစ်သူမိသားစုများနှင့် ချိတ်ဆက်လို့မရခြင်း၊ ဆက်ခံမည့် ကျန်ရစ်သူ မရှိခြင်း စသည်တို့ဖြစ်ခဲ့ပါက အဆိုပါငွေကို “ကျဆုံး သူရဲ ကောင်း”များနှင့် သက်ဆိုင်သည့်ဆောင်ရွက်မှုတစ်ခုခုတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။