Connect with us

Hi, what are you looking for?

News

ဘီးလင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်က ပေါ်ပေါ်ထင်ထင်ရိုက်နှက်နှိပ်စက်နေ

ပြီးခဲ့တဲ့ မေ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံ ခလရ(၄၀၃) တပ်ဖွဲ့ဟာ ဘီးလင်းမြို့နယ် ဘီးလင်း-ဖာပွန်ကားလမ်းမပေါ်မှာရှိတဲ့ မဲပလီစခန်းကနေ နတ်ကြီးစခန်းဘက်ကို စစ်ကြောင်းထိုးလာပြီး အစူးချောင်းကျေးရွာအရောက်မှာ ဒေသခံရွာသူရွာသားတွေကို စုဝေးခေါ်ယူခဲ့တာပါ။

ကေအဲန်ယူ သထုံခရိုင် တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေက ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်လျက်ရှိနေတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံ ခလရ(၄၀၃) တပ်ဖွဲ့ဟာ ဘီးလင်းမြို့နယ် ဘီးလင်း-ဖာပွန်ကားလမ်းမပေါ်မှာရှိတဲ့ မဲပလီစခန်းကနေ နတ်ကြီးစခန်းဘက်ကို စစ်ကြောင်းထိုးလာပြီး အစူးချောင်းကျေးရွာအရောက်မှာ ဒေသခံရွာသူရွာသားတွေကို စုဝေးခေါ်ယူခဲ့တာပါ။

Public Service Announcement

အဲ့ဒီလိုစုဝေးခေါ်ယူရာမှာ အသက် ၄၀ ကျော်အရွယ်ရှိတဲ့ အစူးချောင်းရွာသား တီးဖားကျော်ထူးကို စစ်ကောင်စီတပ်က ရိုက်နှက်နှိပ်စက်ကျူးလွန်ခဲ့တာကြောင့် အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စစ်ကောင်စီစစ်သားတွေ ရွာရောက်တော့ ရွာမှာရှိတဲ့ လူတွေမှန်သမျှကို ခေါ်စုခိုင်းတယ်။ အရွယ်ကောင်းတဲ့ လူတွေက စစ်ကောင်စီလာတယ်ဆိုတာသိလို့ ကြိုပြီးတိမ်းရှောင်နေကြတယ်။ ရွာမှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေပဲကျန်တာ။ တီးဖားကျော်ထူးက ကျန်ခဲ့တဲ့လူကြီးတွေထဲမှာ အရွယ်ကောင်းတုန်းပေါ့၊ သူ့ကိုနှိပ်စက်သွားတာ ပြင်းပြင်းထန်ထန်ပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ခလရ(၄၀၃) တပ်ဟာ မဲပလီစခန်းကနေ နတ်ကြီးစခန်းကို ခြေလျင်နဲ့တပ်ချိန်း ပြန်လာတဲ့တပ်ဖြစ်ပြီး အစူးချောင်းရွာဘေး တောစပ်မှာ စစ်ကောင်စီတပ်သား နှစ်ဦး မြေမြုပ်မိုင်းထိမှန်သွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

အဲ့ဒီနောက် အစူးချောင်းကျေးနယ်အုပ်စု ဝါ့ကတယ်ကျေးရွာဖက်ကနေ နတ်ကြီးဖက်ကို စစ်ကြောင်းထိုးဆင်းသွားရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အယောက် ၂၀ ခန့် ထိခိုက်သေဆုံးဒဏ်ရာရသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလိုကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဟာ ဝါ့ကတယ်ကျေးရွာဖက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းက လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျွဲနှစ်ကောင်နဲ့ ဆိတ်တစ်ကောင် သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒါ့အပြင် အစူးချောင်းရွာသားတစ်ဦး၊ ဝါ့ကတယ်ကျေးရွာအတွင်း ဗုံးခိုကျင်းတွေမှာ ပုန်းအောင်နေတဲ့ ရွာသားခုနှစ်ဦး၊ သွားလာနေတဲ့ ဒေသခံသုံးဦး စုစုပေါင်း ၁၁ ဦးကို စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံတပ်တွေက လူသားဒိုင်းအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးတယ်လို့ ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။