Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်ကောင်စီယာဥ်တန်း ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခံရပြီး ၁၂ဦးသေဟုဆို

ယနေ့(မေလ၅ရက်)နံနက် ၈နာရီခန့်က ထီးချိုင့်-မြောက်ပြင်လမ်းအတိုင်းလာသည့် ပျူစောထီးအချို့ ပူးတွဲလိုက်ပါလာသော စစ်ကောင်စီယာဥ်နှစ်စီးကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင်း ရှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး ကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာရရှိနိုင်ကြောင်း Tigyaing Revolution -TRက သတင်းထုတ်ပြန်ထားသည်။

ယနေ့(မေလ၅ရက်)နံနက် ၈နာရီခန့်က ထီးချိုင့်-မြောက်ပြင်လမ်းအတိုင်းလာသည့် ပျူစောထီးအချို့ ပူးတွဲလိုက်ပါလာသော စစ်ကောင်စီယာဥ်နှစ်စီးကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင်း ရှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းရှစ်လုံးဖောက်ခွဲတိုက်ခိုက်ပြီးနောက် (၄၀)မမ ဗုံးသီး၊ လက်နက််ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိထိမိမိ ထိခဲ့ကြောင်း၊ စစ်ကောင်စီနှင့် ပျူစောထီး ၁၂ဦး သေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Tigyaing Revolution -TRက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီဘက်က ပစ်ခတ်သောလက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု ဆက်လက်ထုတ်ပြန်ထားသည်။

အကျအဆုံးများဖြင့် ပြန်ဆုတ်သွားသော စစ်ကောင်စီတပ်သည် ညနေဘက်တွင် ထီးချိုင့်မြို့တွင်းသို့ပြန်ဝင်ရောက်လာပြီး ကင်းပုန်းဝပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။