Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ​ရေဦးမြို့နယ်မှ​ကျေးရွာများကို ဝင်​ရောက်အကြမ်းဖက်ဖျက်ဆီး

ယမန်နေ့ (မေလ ၅ ရက်နေ့)က ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့ကြောင်း၊ လူနေအိမ်(၂၂)လုံး၊ မီးဖိုဆောင်(၁)လုံး၊ နွားတဲ(၁)လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

●ပြည်သူတစ်ဦး​သေဆုံးပြီး ၊အချို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများအားအကြမ်းဖက်
စစ်တပ်က ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် နေအိမ် နှစ်ဆယ်ကျော် ပျက်စီးပြီး ရွာသားတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၅ ရက်နေ့)က ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့ကြောင်း၊ လူနေအိမ်(၂၂)လုံး၊ မီးဖိုဆောင်(၁)လုံး၊ နွားတဲ(၁)လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်းတွင်လည်း ရေဦးမြို့ပေါ်မှ အကြမ်းဖက်စစ်တပ်သည် နှောကုန်းရွာသို့ ကားသုံးစီးဖြင့်ရောက်လာပြီးပြည်သူများကိုအကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိ အမျိုးသမီးတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ယနေ့မနက်ပိုင်း စစ်ခွေးသူပုန်တပ်က ရေဦးမှ နှောကုန်းရွာသို့ ကားသုံးစီးဖြင့်ရောက်လာပြီး ပြည်သူများကိုအကြောင်းမဲ့ပစ်ခတ်ခဲ့ပါတယ်။လက်ရှိ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်ထား၊ ရွာမှ အကူအညီပေးရန်ကြိုးစားနေသော်လည်း မရသေးကြောင်း သတင်းရရှိ။”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးမြို့နယ် ကပြောသည်။

ယမန်နေ့က အကြမ်းဖက်စစ်တပ်၏ ကား၄ စီးသည် စီးကန်ရွာအရှေ့ဘက် တဲတိုက်ကျေးရွာထိပ်တွင်မိုင်းမိကာအကြမ်းဖက်စစ်သားလေးဦးခန့်သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မုံတိုင်ပင် ကျေးရွာ အတွင်းကျကာ ရွာသားတစ်ဦး သေဆုံးပြီး နှစ်ယောက်ဒါဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂၆ ရက်နေ့ညနေပိုင်းကလည်း ရေဦးမြို့အတွင်းသို့ ပြန်လာသည့်အကြမ်းဖက်စစ်တပ်အား ပကဖ စုပေါင်းအဖွဲ့က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဧပြီလကုန်ပိုင်းမှစတင်ကာ အကြမ်းဖက်စစ်တပ်သည် ရေဦးမြို့နယ်တွင်းကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ပြီး၊ပြည်သူများ၏​နေအိမ်များကိုအကြမ်းဖက်​ဖျက်ဆီးနေ​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။