Connect with us

Hi, what are you looking for?

News

ဝမ်းတွင်းမြို့ ရန်ကုန်-မန္တ​လေးလမ်း​ဟောင်းရှိ မြို့အဝင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)သည် ယမန်နေ့(မေလ ၆ ရက်) နံနက်ပိုင်းကလည်း မြို့နယ်လျှပ်စစ်ရုံးအတွင်း မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ဝမ်းတွင်းမြို့ဒေသခံများ ချီတက်ဆန္ဒပြနေသည်ကို ၂၀၂၁မတ်လ ၂၇ရက်က တွေ့ရစဥ်)

ရဲနှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုအဖွဲ့ အသိပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရန်ကုန်-မန္တ​လေးလမ်း​ဟောင်း မြို့အဝင်စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲနှစ်ဦး အသက်အန္တရာယ် ထိခိုက်မှုရှိနိုင်ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)က သတင်းထုတ်ပြန်သည်။

ယနေ့(မေလ ၇ ရက်) နေ့လယ် ၁၂နာရီခွဲခန့်က ဝမ်းတွင်းမြို့တောင်ဘက် စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦး သေဆုံးနိုင်သည်အထိ ထိခိုက်ဒဏ်ရာရရှိကာ အခြားရဲများလည်းထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)က ပြောသည်။

“စစ်ဆေးရေးဂိတ်က အဲဒီနေရာမှာ အမြဲမရှိဘူး။ တခါတလေမှကားတွေဆိုင်ကယ်တွေတားပြီး ငွေတောင်းပေါ့ဗျာ။ အဝေးထိန်းနဲ့ဆော်ခဲ့တာပါ။”ဟု WTRF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)သည် ယမန်နေ့(မေလ ၆ ရက်) နံနက်ပိုင်းကလည်း မြို့နယ်လျှပ်စစ်ရုံးအတွင်း မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook