Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ခေါင်းဆောင်ကိုယ်တိုင်တွေ့မယ့် ငြိမ်းချမ်းရေးပွဲအခြေအနေ

အပစ်ရပ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲကတက်မယ့် ၅ ဖွဲ့ဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC) တို့ဖြစ်ပါတယ်။

People's Spring
People's Spring

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ တရားဝင်ထုတ်ဖော်ပြောကြားလာတဲ့ စာရင်းတွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့သာ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီစာရင်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မီဒီယာကိုဖြေကြားထားချက်အရသိရတဲ့ စာရင်းဖြစ်ပါတယ်။

ဒါအပြင် ဆွေးနွေးပွဲ တက်မယ့် အဖွဲ့တွေ နောက်ဆုံးစာရင်းပေးသွင်းရမယ့် ရက်လို့ စစ်ကောင်စီဘက်က သတ်မှတ်ထားတဲ့ မေလ ၉ ရက်မတိုင်ခင် တစ်ရက်အလို စာရင်းလည်းဖြစ်ပါတယ်။

တက်မယ့်အဖွဲ့တွေဟာ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ က ၅ ဖွဲ့ နဲ့ မိုင်းလားအဖွဲ့ NDAA တို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အပစ်ရပ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲကတက်မယ့် ၅ ဖွဲ့ဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC) တို့ဖြစ်ပါတယ်။

နောက်ထပ် ဆွေးနွေးပွဲတက်မယ့် မိုင်းလားအဖွဲ့ NDAA ဟာ အင်အားကြီးလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဒါပေမယ့် NDAA တက်ရောက်မှုဟာ FPNCC ကို ကိုယ်စားမပြုဘဲ တစ်ဖွဲ့ချင်းတက်ရောက်မှုသာဖြစ်တယ်လို့ NDAA က မီဒီယာကိုဖြေထားပါတယ်။

FPNCC မှာ ဝ UWSA က ဥက္ကဋ္ဌဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူကာ AA ၊ TNLA၊ MNDAA၊ NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ပါဝင်ကြပါတယ်။

ဝ အဖွဲ့က ဆွေးနွေးပွဲတက် ၊မတက် ထုတ်ပြန်လာတာမရှိသေးပေမယ့် KIO ကတော့ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေမပါတာကြောင့် ဆွေးနွေးပွဲကို ပယ်ချထားပါတယ်။

FPNCC အဖွဲ့ဝင်AA ရဲ့ စစ်ဦးစီးချုပ်ကလည်း ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကို စစ်ရေးတာဝန်ယူထားတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တွစ်တာကနေ သတိပေးတာမျိုး ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်ထားတာရှိပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်နီအမျိုးသားပါတီ (KNPP ) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့ကလည်း စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်ဟာပါဝင်သင့်ပါဝင်ထိုက်သူတွေမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးလိုတဲ့စစ်မှန်တဲ့ဆန္ဒကိုမတွေ့တာကြောင့် မတက်ရောက်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ မြေပြင်မှာ စစ်အင်အားတိုးချဲ့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် မရိုးသားဘူးလို့ KNU တာဝန်ရှိသူတွေကဆိုထားပါတယ်။ ဒါအပြင် ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် စစ်ကောင်စီဟာ NUG နဲ့စကားပြောဖို့လိုတယ်လို့ လည်း KNU က သဘောထားပေးထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ကြွေးကြော်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို သူကိုယ်တိုင်တွေ့မယ်လို့ ကြေညာထားတာပါ။

ဒါပေမယ့် သူတွေ့ဆုံမယ့်အဖွဲ့တွေထဲမှာ နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့တော်လှန်ရေးအင်အားစုတွေကိုအကြမ်းဖက်အဖြစ်သတ်မှတ်ပြီး ချန်လှပ်ထားတာပါ။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဆွေးနွေးပွဲတက်ဖို့ အသိပေးထားတဲ့အဖွဲ့ဟာ ဒါဇင်ကျော်တယ်လို့ ပြောထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတကာ

အစ္စရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Haaretzကလည်း အစ်ဆာ အပါအဝင် သေဆုံးမှု အခြေအနေတွေကို အတည်ပြုနိုင်အောင် အစ္စရေး စစ်တပ်က အပူတပြင်း စုံစမ်းနေတယ်လို့ ဖော်ပြသွားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။