Connect with us

Hi, what are you looking for?

News

စစ်ခေါင်းဆောင်ကိုယ်တိုင်တွေ့မယ့် ငြိမ်းချမ်းရေးပွဲအခြေအနေ

အပစ်ရပ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲကတက်မယ့် ၅ ဖွဲ့ဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC) တို့ဖြစ်ပါတယ်။

People's Spring
People's Spring

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ တရားဝင်ထုတ်ဖော်ပြောကြားလာတဲ့ စာရင်းတွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့သာ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီစာရင်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မီဒီယာကိုဖြေကြားထားချက်အရသိရတဲ့ စာရင်းဖြစ်ပါတယ်။

ဒါအပြင် ဆွေးနွေးပွဲ တက်မယ့် အဖွဲ့တွေ နောက်ဆုံးစာရင်းပေးသွင်းရမယ့် ရက်လို့ စစ်ကောင်စီဘက်က သတ်မှတ်ထားတဲ့ မေလ ၉ ရက်မတိုင်ခင် တစ်ရက်အလို စာရင်းလည်းဖြစ်ပါတယ်။

တက်မယ့်အဖွဲ့တွေဟာ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ က ၅ ဖွဲ့ နဲ့ မိုင်းလားအဖွဲ့ NDAA တို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အပစ်ရပ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲကတက်မယ့် ၅ ဖွဲ့ဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC) တို့ဖြစ်ပါတယ်။

နောက်ထပ် ဆွေးနွေးပွဲတက်မယ့် မိုင်းလားအဖွဲ့ NDAA ဟာ အင်အားကြီးလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဒါပေမယ့် NDAA တက်ရောက်မှုဟာ FPNCC ကို ကိုယ်စားမပြုဘဲ တစ်ဖွဲ့ချင်းတက်ရောက်မှုသာဖြစ်တယ်လို့ NDAA က မီဒီယာကိုဖြေထားပါတယ်။

FPNCC မှာ ဝ UWSA က ဥက္ကဋ္ဌဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူကာ AA ၊ TNLA၊ MNDAA၊ NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ပါဝင်ကြပါတယ်။

ဝ အဖွဲ့က ဆွေးနွေးပွဲတက် ၊မတက် ထုတ်ပြန်လာတာမရှိသေးပေမယ့် KIO ကတော့ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေမပါတာကြောင့် ဆွေးနွေးပွဲကို ပယ်ချထားပါတယ်။

FPNCC အဖွဲ့ဝင်AA ရဲ့ စစ်ဦးစီးချုပ်ကလည်း ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကို စစ်ရေးတာဝန်ယူထားတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တွစ်တာကနေ သတိပေးတာမျိုး ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်ထားတာရှိပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်နီအမျိုးသားပါတီ (KNPP ) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့ကလည်း စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်ဟာပါဝင်သင့်ပါဝင်ထိုက်သူတွေမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးလိုတဲ့စစ်မှန်တဲ့ဆန္ဒကိုမတွေ့တာကြောင့် မတက်ရောက်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ မြေပြင်မှာ စစ်အင်အားတိုးချဲ့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် မရိုးသားဘူးလို့ KNU တာဝန်ရှိသူတွေကဆိုထားပါတယ်။ ဒါအပြင် ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် စစ်ကောင်စီဟာ NUG နဲ့စကားပြောဖို့လိုတယ်လို့ လည်း KNU က သဘောထားပေးထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ကြွေးကြော်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို သူကိုယ်တိုင်တွေ့မယ်လို့ ကြေညာထားတာပါ။

ဒါပေမယ့် သူတွေ့ဆုံမယ့်အဖွဲ့တွေထဲမှာ နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့တော်လှန်ရေးအင်အားစုတွေကိုအကြမ်းဖက်အဖြစ်သတ်မှတ်ပြီး ချန်လှပ်ထားတာပါ။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဆွေးနွေးပွဲတက်ဖို့ အသိပေးထားတဲ့အဖွဲ့ဟာ ဒါဇင်ကျော်တယ်လို့ ပြောထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။