Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီက နှစ်ပတ်အတွင်း ​ဒေသခံ ငါးဦးထက်မနည်းသတ်ဖြတ်ပြီး နေအိမ်၂၀၀ ကျော် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက နှစ်ပတ်အတွင်း ​ဒေသခံပြည်သူ ငါးဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး နေအိမ် ၂၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။

(တန့်ဆည်နယ်အတွင်း ယခင်ရက်ပိုင်းက မီးရှို့ဖျက်ဆီးခံထားရသော ကျေးရွာတစ်ရွာ။)

ဧပြီ ၂၂ ရက်မှစ၍ မေလဆန်းအထိ အကြမ်းဖက်စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှုကြောင့် တန့်ဆည်မြို့နယ်ရှိ ဂရိတ်ကျေးရွာမှ လူနေအိမ် ၁၈လုံး၊ တောဂျင်ရွာမှ ၅၄ လုံး၊ ကြောင်ဆင်းအိုင်ရွာမှ သုံးလုံးနှင့် ကံကလေးကုန်းရွာမှ နေအိမ် ၃၃ လုံးစသဖြင့် နှစ်ပတ်အတွင်း နေအိမ် ၁၀၈လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မေလ ၇ရက်ကလည်း အင်တောရိုးရွာမှ နေအိမ် ၁၀လုံး၊လက်ဆည်ကျေးရွာ မှ နေအိမ် ငါးလုံး၊ ရေရှင်ကုန်းကျေးရွာမှနေအိမ် ၄၀ ကျော်၊ မြေခုကျေးရွာမှ လူနေအိမ် ၄၅လုံးကို စုစုပေါင်း ထိုနေ့တစ်ရက်တည်းတင် ၁၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မေလ ၇ ရက်တစ်ရက်တည်းတင် တစ်ရာကျော်တယ်။ အရင်ရက်ကစာရင်းတွေနဲ့ဆို နှစ်ပတ်အတွင်း နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အရပ်သားသတ်ဖြတ်ခံထားရသူ ငါးဦးထက်မနည်း ရှိနိုင်သည်ဟု ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရန်ကြောင့် ကံထူးမ၊ ကြက်ဆူကန်၊ မြေခု၊ အင်တောရိုး၊ လက်ဆည်၊ ရေရှင်ကုန်း၊ သရက်ခါး၊ မရမ်းမိ၊ လယ်မ၊ လယ်တီး၊ ဆင်သီကုန်း၊ ကျောင်းကုန်း၊ အိုင်လျားရှည်၊ သရက်ကုန်း၊ အုန်းတော စသည့် ကျေးရွာ ၁၅ ရွာမှ ရွာသူရွာသားထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ​ပြောသည်။

ဂရိတ်ကျေးရွာ မီးရှို့ခံရမှုတွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းများပါ အသုံးပြုဖျက်ဆီးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ တန့်ဆည်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ကျော်မှနေအိမ် ၄၅၀ ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

အာဏာသိမ်းကာလတွင်း စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု အခံရဆုံးဒေသတစ်ခုဖြစ်ပြီး လူနေအိမ် ၇၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။