Connect with us

Hi, what are you looking for?

News

အင်းပတ်​ကွေ့တွင် စစ်​ကောင်စီယာဥ်တန်းတစ်ညတည်းနှစ်ကြိမ်တိုက်ခိုက်ခံရ

ရှေ့ထွက်မိုင်း နှစ်လုံး​ဖြင့် ​ဖောက်ခွဲရာကားတစ်စီးမှာ ပါလာသော စစ်သားများအတော်အထိနာ၍ ဘေးပတ် ဝန်းကျင်တစ်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့ကာ ရေဦးမြို့ဘက် ပြန်မောင်းသွားခဲ့သည်ဟု KSO က ဆိုသည်။

(KSO အဖွဲ့မှ ရဲ​ဘော်များအား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ကွေ့တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ယမန်နေ့ညတစ်ညတည်း နှစ်ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း Khin U Support Organization-KSOက သတင်းထုတ်ပြန် သည်။

ယမန်နေ့ ညနေပိုင်းက အကြမ်းဖက်ကောင်စီတပ်သည် ခင်ဦးမြို့နယ် မြင်းကျကျေးရွာအား အကြမ်းဖက်မီးရှို့ဖျက်ဆီးပြီး ရေဦးမြို့ဘက်သို့ ကားသုံးစီးဖြင့် ပြန်လာစဥ် ည၇ နာရီခန့်တွင် အင်းပတ်ကွေ့အနီး၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

အသင့်ဆင်ထားသော မိုင်း​လေးလုံးဖောက်ခွဲရာ နှစ်လုံးကွဲပြီး ကားတစ်စီးထိမှန်ခဲ့ကာ အကြမ်းဖက်စစ်တပ်မှာ အထိနာ၍ ချက်ချင်းမမောင်းနိုင်ဘဲ ခဏရပ်တန့်ပြီးမှ ဆက်မောင်းသွားခဲ့ကြောင်း Khin U Support Organization-KSOက ထုတ်ပြန်သည်။

Public Service Announcement

ထိုဖြစ်စဥ်ဖြစ်ပွားပြီးနောက် ၃နာရီခန့်အကြာ ညပိုင်း ၁၀နာရီ၁၀မိနစ်ခန့်တွင်လည်း ရေဦးမြို့ပေါ်မှ ခင်ဦးမြို့ဘက်ထွက်လာခဲ့သော အကြမ်းဖက်စစ်ကောင်စီယာဥ်အား အင်းပတ်ကွေ့နေရာမှာပင် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ရှေ့ထွက်မိုင်း နှစ်လုံး​ဖြင့် ​ဖောက်ခွဲရာကားတစ်စီးမှာ ပါလာသော စစ်သားများအတော်အထိနာ၍ ဘေးပတ် ဝန်းကျင်တစ်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့ကာ ရေဦးမြို့ဘက် ပြန်မောင်းသွားခဲ့သည်ဟု KSO က ဆိုသည်။

“ညနေပိုင်း ပထမဖြစ်စဥ်မှာ မိုင်း၄လုံးဖောက်ခွဲတိုက်ခိုက်ရာ Jammer(အဝေးထိန်းဖျက်စနစ်ကိရိယာ)ခံထားပေမယ့် နှစ်လုံးပေါက်ကွဲပြီး ကားတစ်စီးအား ထိမှန်ခဲ့ကာ အတော်ကြာရပ်တန့်ပြီးမှ မောင်းသွားပါတယ်။ အကျ အဆုံးရှိနိုင်ပါတယ်”ဟု KSO အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေပြီး ကျေးရွာပေါင်း ၂၉ရွာမှ အိမ်ခြေပေါင်း ၁,၄၀၈လုံး မီးလောင်ပျက်စီးခဲ့သည်။

ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွားခဲ့ပြီး ကျဆုံးရဲဘော်နှင့်ပြည်သူ ၁၅၀ ကျော်၊ ဒဏ်ရာရရဲဘော် ၉၃ဦး၊ ဖမ်းဆီးခံရဲဘော် ၉၈ဦးအထိရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။