Connect with us

Hi, what are you looking for?

News

စစ်ကောင်စီပြုလုပ်မည့် သံဃာ ၁၀,၀၀၀ကျော် ဆွမ်းဆန်စိမ်းလောင်းပွဲ သပိတ်မှောက်ဆန့်ကျင်ကြရန် သံဃသမဂ္ဂ တိုက်တွန်း

လက်ရှိတွင် လူမျိုးရေးအဓိကရုဏ်းများဖန်တီးရန်ကြိုးစားနေသလို တိုင်းရင်းသားများနှင့် ဗမာပြည်သူ လူထုအကြားသွေးခွဲဖို့ကြိုးပမ်းလာနေသည်ကိုလည်းတွေ့ရှိရသည်ဟု မန္တလေးသံဃသမဂ္ဂက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီကပြုလုပ်မည့် သံဃာ၁၀,၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ဆန့်ကျင်ကြရန် သံဃာထုအား မန္တလေးသံဃသမဂ္ဂဆရာ​တော်များက တိုက်တွန်းလျှောက်ထားသည်။

စစ်ကောင်စီသည် အာဏာတည်မြဲရေးအတွက် ပြည်သူ လူထုကိုအဆုံးစွန်ရက်စက်သောနည်းများကိုအသုံးပြုပြီး မြေလှန်စနစ်ကိုကျင့်သုံးကာ လူထုကိုပစ်ခတ်သတ်ဖြတ်ခြင်း၊ ရပ်ရွာလူနေအဆောက်အဦများနှင့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မခိုးဝှက်လုယူသိမ်းပိုက်ခြင်း၊ ကလေးသူငယ်များအပါဝင် အမျိုးသမီးများကိုပါဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများ ကျူးလွန်လျက်ရှိသည်ဟု ထောက်ပြသည်။

အလားတူ ပြည်သူလူထုကို ဓားစာခံဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးချခြင်းအ​​ပြင် ဘုရားကျောင်းကန်များကို စစ်အခြေစိုက်စခန်းများအဖြစ်အသုံးချ တပ်စွဲနေထိုင်ခြင်း၊ ဘုရားစေတီနှင့် ဘုန်းကြီးကျောင်း၊စာသင်ကျောင်းများကိုပါ ဖျက်ဆီးမီးရှို့ခြင်း၊ ရဟန်းသာမဏေများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ လေ ကြောင်းအသုံးပြုလျှက် အရပ်သားပြည်သူများ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖြိုခွင်းခြင်းများကို ဥပဒေမဲ့အကြမ်းဖက်မှုများ၊ လူ့အခွင့်ရေးချိုးဖောက်မှုများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ချမှတ်ထားတဲ့ စည်းမျဥ်စည်းကမ်းများကို ဖောက်ဖျက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ဖော်ပြသည်။

ထို့ကြောင့် နိုင်ငံရေးအကြပ်တည်းကျရောက်နေသော စစ်ကောင်စီသည် ထွက်ပေါက်ရှာသည့်အနေဖြင့် ဘာသာရေးအခမ်းအနားများပြုလုပ်ပြီး သာသနာပြုနေသယောင် ဘာသာရေးနှင့် ဘာသာရေးခေါင်းဆောင်များကို အသုံးချနေခြင်းသာဖြစ်သည်ဟု ထောက်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် လူမျိုးရေးအဓိကရုဏ်းများဖန်တီးရန်ကြိုးစားနေသလို တိုင်းရင်းသားများနှင့် ဗမာပြည်သူ လူထုအကြားသွေးခွဲဖို့ကြိုးပမ်းလာနေသည်ကိုလည်းတွေ့ရှိရသည်ဟု မန္တလေးသံဃသမဂ္ဂက ထုတ်ပြန်သည်။

သမိုင်းတစ်လျှောက်တွင်လည်း သံဃာထုသည်ပြည်သူလူထု၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ မတရားမှုများကို ဆန့်ကျင်တွန်းလှန်ခဲ့ကြသည့်အလျောက် နိုင်ငံ၏ ပကတိအခြေနေမှန်များကို နားလည် သဘော ပေါက်၍ စစ်အာဏာရှင်များ၏အသုံးချခံအဖြစ်သို့မရောက်ရှိရန် မျက်စိကြီးကြီး နားကြီးကြီးထားဖို့ အထူးလိုအပ်သည်ဟု ဆိုသည်။

“သာသနာဆိုတာဟာ ယုံကြည်လက်ခံကျင့်သုံးသူများပြားမှ သာသနာပြန့်ပွားတယ်ခေါ် ထိုက်ပါတယ်။ ကိုယ့်မိသားစုဝင်တွေကို သတ်ဖြတ်နေသူတွေက သာသနာပြုနေပါတယ်ဆိုတာ ပြည်သူတွေအနေနဲ့ လက်သင့်ခံဖို့ ခဲယဉ်းလှပါတယ်”ဟု မိန့်ကြားသည်။

ပြည်သူလူထုတစ်ရပ်လုံး အတိဒုက္ခရောက်ချိန်သံဃာထုက မိမိတို့နှင်မသက်ဆိုင်သကဲ့သို့ လစ်လျူရှုနေခြင်းမျိုး လုံးဝမဖြစ်သင့်သလို အထူးသဖြင့် စစ်အာဏာရှင်များကို အားပေးထောက် ပံ့ရာရောက်မည့် ကိစ္စမှန်သမျှကို အသိကြီးကြီးထား၍ ရှောင်ရှားသင့်ပြီး “လောကကို ကျေးဇူးမပြုနိုင်တဲ့တစ်နေ့ သာသနာကွယ်လိမ့်မည်”’ဟူသော ရှေးဆရာတော်ကြီးများ၏ သြဝါဒကိုလည်း အထူးသတိပြုသင့်သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။