Connect with us

Hi, what are you looking for?

News

စရဖ တာဝန်ခံဇော်ထွန်းကို သန်လျင်(ပကဖ) ရှင်းလင်း

တော်လှန်ရေးအင်အားစုများ၏ သတင်းများအရ (စရဖ)ဇော်ထွန်းသည် စစ်အာဏာရှင်ထောက်တိုင်အဖြစ် တရားမဝင်စီးပွားရေးသမားများနှင့် ပေါင်းသင်းငွေရှာနေသူဖြစ်ကြောင်း သိရသည်။

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တာဝန်ခံ ဇော်ထွန်းကို ရှင်းလင်းခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ထုတ်ပြန်သည်။

ယနေ့(မေ ၁၁ရက်)နံနက် ၇နာရီ ၅မိနစ်တွင် အောင်ချမ်းသာ ကွန်ကရစ်လမ်းမ WH Hotel အနီး (စရဖ)ဇော်ထွန်း ကားမောင်းလာစဥ် ဘေးချင်းယှဥ်၍စုစုပေါင်းကျည် ၁၃ချက်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများ၏ သတင်းများအရ (စရဖ)ဇော်ထွန်းသည် စစ်အာဏာရှင်ထောက်တိုင်အဖြစ် တရားမဝင်စီးပွားရေးသမားများနှင့် ပေါင်းသင်းငွေရှာနေသူဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း စစ်ရေးပစ်မှတ်များကို အဓိကထား တိုက်ခိုက်သွားမည်ဟု သန်လျင်(ပကဖ) က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ထုံးစံအတိုင်းပေါ့။ သူတို့ စခတွေထဲက တစ်ယောက်သေတာနဲ့ တစ်မြို့လုံးပတ်စစ်တာပဲ။ဒီနေ့လည်းတံတားအဆင်းမှာ ရေတပ်ကကောင်တွေ ငါးယောင်လောက်ရှိတယ်။ပြီးတော့ ကျိုက်ခေါက်ဘုရားနားမှာ တစ်ဖွဲ့စစ်နေတယ်။ကားထဲအထိ ပါလှန်လှော် ရှာသေးတာ”ဟု သန်လျင်မြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

ယခုဖြစ်စဥ်မတိုင်မီက သန်လျင်မြို့နယ်၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် သွေးသောက်အဖွဲ့ခေါင်းဆောင်ရန်နိုင်ရွှေ ကိုလည်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) သုတ်သင်ရှင်းလင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်မှာ (၁၆)နှစ်အရွယ် ကလေးတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရတယ်လို့ ကာယကံရှင်ရဲ့မိခင်ဖြစ်သူက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ သန်လျင်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလု မျက်နှာကိုဓားနဲ့ထိုးခံရတဲ့ ဖြစ်စဉ် ဒီကနေ့မနက်စောမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ​တချို့က ပြောပါတယ်။