Connect with us

Hi, what are you looking for?

LuduNwayOo

News

စရဖ တာဝန်ခံဇော်ထွန်းကို သန်လျင်(ပကဖ) ရှင်းလင်း

တော်လှန်ရေးအင်အားစုများ၏ သတင်းများအရ (စရဖ)ဇော်ထွန်းသည် စစ်အာဏာရှင်ထောက်တိုင်အဖြစ် တရားမဝင်စီးပွားရေးသမားများနှင့် ပေါင်းသင်းငွေရှာနေသူဖြစ်ကြောင်း သိရသည်။

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တာဝန်ခံ ဇော်ထွန်းကို ရှင်းလင်းခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ထုတ်ပြန်သည်။

ယနေ့(မေ ၁၁ရက်)နံနက် ၇နာရီ ၅မိနစ်တွင် အောင်ချမ်းသာ ကွန်ကရစ်လမ်းမ WH Hotel အနီး (စရဖ)ဇော်ထွန်း ကားမောင်းလာစဥ် ဘေးချင်းယှဥ်၍စုစုပေါင်းကျည် ၁၃ချက်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများ၏ သတင်းများအရ (စရဖ)ဇော်ထွန်းသည် စစ်အာဏာရှင်ထောက်တိုင်အဖြစ် တရားမဝင်စီးပွားရေးသမားများနှင့် ပေါင်းသင်းငွေရှာနေသူဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း စစ်ရေးပစ်မှတ်များကို အဓိကထား တိုက်ခိုက်သွားမည်ဟု သန်လျင်(ပကဖ) က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ထုံးစံအတိုင်းပေါ့။ သူတို့ စခတွေထဲက တစ်ယောက်သေတာနဲ့ တစ်မြို့လုံးပတ်စစ်တာပဲ။ဒီနေ့လည်းတံတားအဆင်းမှာ ရေတပ်ကကောင်တွေ ငါးယောင်လောက်ရှိတယ်။ပြီးတော့ ကျိုက်ခေါက်ဘုရားနားမှာ တစ်ဖွဲ့စစ်နေတယ်။ကားထဲအထိ ပါလှန်လှော် ရှာသေးတာ”ဟု သန်လျင်မြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

ယခုဖြစ်စဥ်မတိုင်မီက သန်လျင်မြို့နယ်၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် သွေးသောက်အဖွဲ့ခေါင်းဆောင်ရန်နိုင်ရွှေ ကိုလည်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) သုတ်သင်ရှင်းလင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)မှ တပ်ရင်းမှူးကိုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲတွင် စစ်သုံ့ပန်အဖြင့် ဖမ်းမိထားကြောင်း MNDAA က ရှင်းပြထားသည်။

သတင်း

အဆိုပါ ကားအား မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်အနီးတွင် ယမန်နေ့(ဇူလိုင်လ ၁၉ရက်) ညနေ ၅နာရီ ၂၀မိနစ်တွင် ဖမ်းဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်ဟုသာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅) ကလည်းယ​နေ့ သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ

အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ တိတိကျကျ မှတ်ချက် မပေးပေမယ့် အစ္စလာစ်မစ် ဂျီဟတ် စစ်သွေးကြွ ဦးစီးအရာရှိ ၃ ဦးကိုတော့ သုတ်သင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

အောင်ထက်နှင့်အဖော်အမျိုးသားတစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဉ် ဟင်္သာတမြို့၊ ပန်းပဲတန်းလမ်းမကြီးပေါ်တွင် မေလ ၅ရက်ည (၈) နာရီခန့်ကသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဟု မြို့ခံများက‌ ပြောသည်။