Connect with us

Hi, what are you looking for?

News

မုံရွာ(နမခ)မှ စစ်ကောင်စီ၏ အစီးရေ၂၀ပါယာဥ်တန်း တပ်ကူဖြည့်ရန် ဆားလင်းကြီးနှင့်ယင်းမာပင်သို့ လာနေ

မွန်းလွဲ ၂ နာရီခန့်က သံပြားကာထားသော အကြမ်းဖက်စစ်ကောင်စီ၏ ကားကြီး ခုနစ်စီးအား မုံရွာဇက်ဆိပ်မှတစ်ဆင့် မြစ်အနောက်ဘက်ကမ်းသို့ကူးသွားသည်ကိုတွေ့ရကြောင်း မုံရွာဒေသခံတစ်ဦးက ပြောသည်။

(မုံရွာမြို့ဇက်ဆိပ်တွင်တွေ့ရသည့် အကြမ်းဖက် စစ်ကောင်စီယာဥ်များ။)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)မှ အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်အစီးရေ ၂၀ခန့် ချင်းတွင်းမြစ်ကိုဖြတ်ကာ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်ဘက်သို့ တပ်ကူဖြည့်ရန် လာရောက်နေကြောင်း တော်လှန်ရေးအင်အားစုများက People’s Spring သို့ ပြောသည်။

မုံရွာ(နမခ)မှ အကြမ်းဖက်စစ်တပ်ကား အစီး ၂၀သည် ဆားလင်းကြီးမြို့နယ်ကို စစ်ကြောင်းထိုးရန် ထွက်လာသည်ဟု သတင်းရရှိကြောင်း၊ အဆိုပါကားများသည် မည်သည့်အရပ်ကို ဦးတည်မည်မသိသေး၍ ပြည်သူများအထူးသတိထားကြရန် Salingyi Local PDF က အသိပေးသည်။

မွန်းလွဲ ၂ နာရီခန့်က သံပြားကာထားသော အကြမ်းဖက်စစ်ကောင်စီ၏ ကားကြီး ခုနစ်စီးအား မုံရွာဇက်ဆိပ်မှတစ်ဆင့် မြစ်အနောက်ဘက်ကမ်းသို့ကူးသွားသည်ကိုတွေ့ရကြောင်း မုံရွာဒေသခံတစ်ဦးက ပြောသည်။

“အခုလာနေတဲ့လမ်းကြောင်းအရ ဆို တပ်ကူစရာ အနေနဲ့ သုံးနေရာရှိတယ်။ယင်းမာပင်၊ပုလဲ နဲ့ ဆားလင်းကြီး ။ဒါပေမယ့် ဆားလင်းကြီးက ဖြစ်နိုင်ခြေနည်းတယ်။ယင်းမာပင် နဲ့ ပုလဲ ကို ဝင်ဖို့ များတယ်။ဘာဖြစ်လို့လဲဆိုရင် မနေ့က ပုလဲမှာ ညလုံးပေါက် တိုက်ပွဲ ဖြစ်ခဲ့တာ။စခ တွေအတော်ထိတယ်”ဟု ဗျတ္တညီနောင်အဖွဲ့ ဦးဆောင်သူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ နံနက်အစောပိုင်းက တပ်ကူထွက်လာသည့် စစ်ကားသုံးစီးမှာ ယင်းမာပင်ခရိုင် အင်ကြင်းတောင်အနီး မိုင်းဆွဲခံရကာ ထိခိုက်သေဆုံးမှုများနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

“တပ်တွင်းဖရဲသီးထံမှသတင်းရယူထား၍ဖိုလ်ဝင်တောင်လမ်းတလျှောက်ပဒေသာ ၈ လုံးတွဲကြီးများဖြင့်တည်ခင်းဧည့်ခံရာ ကား၃ စီးပျက်စီး သွားပြီးစခ အများအ ပြားကျဆုံးပါတယ်”ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ညောင်ပင်ကြီး-ယင်းမာပင်လမ်း၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်း၊မုံရွာ-ပုသိမ်လမ်း စသည့်လမ်းပိုင်းများအား အရေးကြီးကိစ္စမရှိဘဲ အသုံးမပြုကြရန် Salingyi GZ Local PDF က သတိပေးထားသည်။

ညောင်ပင်ကြီး-ယင်းမာပင်လမ်းပေါ်၊ ဖိုလ်ဝင်တောင်အနီးတွင် ယမန်နေ့ညက တစ်ကြိမ်၊ ယနေ့နံနက်ခင်းပိုင်းက တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီယာဥ်များ တိုက်ခိုက်ခံရပြီး ကားများပျက်စီးကာ ထိခိုက်သေဆုံးသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(မေလ ၁၀ ရက်)ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ပျူစောထီးသင်တန်းပေးနေသည့် ဇီးဖြူကုန်းကျေးရွာရှိပျူစောထီးစခန်းကို ပုလဲပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီအစ်ကိုများ တပ်ပေါင်းစုက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သေးသည်။ ပျူစောထီးများသေဆုံးခဲ့သည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်က Mi 35လေယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။