Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ(နမခ)မှ စစ်ကောင်စီ၏ အစီးရေ၂၀ပါယာဥ်တန်း တပ်ကူဖြည့်ရန် ဆားလင်းကြီးနှင့်ယင်းမာပင်သို့ လာနေ

မွန်းလွဲ ၂ နာရီခန့်က သံပြားကာထားသော အကြမ်းဖက်စစ်ကောင်စီ၏ ကားကြီး ခုနစ်စီးအား မုံရွာဇက်ဆိပ်မှတစ်ဆင့် မြစ်အနောက်ဘက်ကမ်းသို့ကူးသွားသည်ကိုတွေ့ရကြောင်း မုံရွာဒေသခံတစ်ဦးက ပြောသည်။

(မုံရွာမြို့ဇက်ဆိပ်တွင်တွေ့ရသည့် အကြမ်းဖက် စစ်ကောင်စီယာဥ်များ။)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)မှ အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်အစီးရေ ၂၀ခန့် ချင်းတွင်းမြစ်ကိုဖြတ်ကာ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်ဘက်သို့ တပ်ကူဖြည့်ရန် လာရောက်နေကြောင်း တော်လှန်ရေးအင်အားစုများက People’s Spring သို့ ပြောသည်။

မုံရွာ(နမခ)မှ အကြမ်းဖက်စစ်တပ်ကား အစီး ၂၀သည် ဆားလင်းကြီးမြို့နယ်ကို စစ်ကြောင်းထိုးရန် ထွက်လာသည်ဟု သတင်းရရှိကြောင်း၊ အဆိုပါကားများသည် မည်သည့်အရပ်ကို ဦးတည်မည်မသိသေး၍ ပြည်သူများအထူးသတိထားကြရန် Salingyi Local PDF က အသိပေးသည်။

မွန်းလွဲ ၂ နာရီခန့်က သံပြားကာထားသော အကြမ်းဖက်စစ်ကောင်စီ၏ ကားကြီး ခုနစ်စီးအား မုံရွာဇက်ဆိပ်မှတစ်ဆင့် မြစ်အနောက်ဘက်ကမ်းသို့ကူးသွားသည်ကိုတွေ့ရကြောင်း မုံရွာဒေသခံတစ်ဦးက ပြောသည်။

“အခုလာနေတဲ့လမ်းကြောင်းအရ ဆို တပ်ကူစရာ အနေနဲ့ သုံးနေရာရှိတယ်။ယင်းမာပင်၊ပုလဲ နဲ့ ဆားလင်းကြီး ။ဒါပေမယ့် ဆားလင်းကြီးက ဖြစ်နိုင်ခြေနည်းတယ်။ယင်းမာပင် နဲ့ ပုလဲ ကို ဝင်ဖို့ များတယ်။ဘာဖြစ်လို့လဲဆိုရင် မနေ့က ပုလဲမှာ ညလုံးပေါက် တိုက်ပွဲ ဖြစ်ခဲ့တာ။စခ တွေအတော်ထိတယ်”ဟု ဗျတ္တညီနောင်အဖွဲ့ ဦးဆောင်သူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ နံနက်အစောပိုင်းက တပ်ကူထွက်လာသည့် စစ်ကားသုံးစီးမှာ ယင်းမာပင်ခရိုင် အင်ကြင်းတောင်အနီး မိုင်းဆွဲခံရကာ ထိခိုက်သေဆုံးမှုများနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

“တပ်တွင်းဖရဲသီးထံမှသတင်းရယူထား၍ဖိုလ်ဝင်တောင်လမ်းတလျှောက်ပဒေသာ ၈ လုံးတွဲကြီးများဖြင့်တည်ခင်းဧည့်ခံရာ ကား၃ စီးပျက်စီး သွားပြီးစခ အများအ ပြားကျဆုံးပါတယ်”ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ညောင်ပင်ကြီး-ယင်းမာပင်လမ်း၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်း၊မုံရွာ-ပုသိမ်လမ်း စသည့်လမ်းပိုင်းများအား အရေးကြီးကိစ္စမရှိဘဲ အသုံးမပြုကြရန် Salingyi GZ Local PDF က သတိပေးထားသည်။

ညောင်ပင်ကြီး-ယင်းမာပင်လမ်းပေါ်၊ ဖိုလ်ဝင်တောင်အနီးတွင် ယမန်နေ့ညက တစ်ကြိမ်၊ ယနေ့နံနက်ခင်းပိုင်းက တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီယာဥ်များ တိုက်ခိုက်ခံရပြီး ကားများပျက်စီးကာ ထိခိုက်သေဆုံးသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(မေလ ၁၀ ရက်)ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ပျူစောထီးသင်တန်းပေးနေသည့် ဇီးဖြူကုန်းကျေးရွာရှိပျူစောထီးစခန်းကို ပုလဲပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီအစ်ကိုများ တပ်ပေါင်းစုက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သေးသည်။ ပျူစောထီးများသေဆုံးခဲ့သည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်က Mi 35လေယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။