Connect with us

Hi, what are you looking for?

News

မုံရွာမြို့ရှိ လမ်းပိုင်းသုံးခုအားဖြတ်သန်းခွင့်ယာယီပိတ်ထား​ကြောင်း PDFများအသိ​ပေး

မဖြစ်မနေအသုံးပြုမည်ဆိုပါက ပတ်ဝန်းကျင် အခြေအနေကို လေ့လာပြီးမှအသုံးပြုကြပါရန်နှင့် ထိုလမ်းများကိုအသုံးပြုသွားလာနေသည့် အိမ်စီးကားများ ကားမှန်မချပါက တိုက်ခိုက်မည်ဟု Black Dragon Special Task Forceက သတိပေးသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လမ်းပိုင်း၃ ခုအား ဖြတ်သန်းခွင့်ယာယီပိတ်သိမ်းထားကြောင်း ဒေသတွင်း Black Dragon Special Task Force အဖွဲ့က အသိပေးကြေညာသည်။

မုံရွာ-ဗောဓိတစ်ထောင်လမ်းပိုင်း၊ ကျောက္ကာ-ဗောဓိဖြတ် လမ်းပိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းများအား ယမန်နေ့ မေလ(၁၁)ရက်နေ့ နံနက်ပိုင်းမှစ၍ အရေးကြီးကိစ္စမရှိဘဲ သွားလာခြင်းမပြုကြရန် မဟာမိတ်အဖွဲ့များကိုယ်စား Black Dragon Special Task Force အဖွဲ့ကမေတ္တာရပ်ခံသည်။

မဖြစ်မနေအသုံးပြုမည်ဆိုပါက ပတ်ဝန်းကျင် အခြေအနေကို လေ့လာပြီးမှအသုံးပြုကြပါရန်နှင့် ထိုလမ်းများကိုအသုံးပြုသွားလာနေသည့် အိမ်စီးကားများ ကားမှန်မချပါက တိုက်ခိုက်မည်ဟု Black Dragon Special Task Forceက သတိပေးသည်။

အကြမ်းဖက်စစ်တပ်က ထိုအနီးတစ်ဝိုက်တွင် စစ်ကြောင်းထိုးနေပြီး အိမ်စီးကားအမျိူးမျိုးအသုံးပြုနေကြောင်း အရေးပေါ်ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေ၍ မုံရွာ၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ တောင်တွင်းဒေသ၊ ကလေးဝ အစရှိသည့်ဒေသများ၌ လမ်းပိုင်းအချို့ ဖြတ်သန်းခွင့်ယာယီပိတ်ထားသည်။

ထိုအပြင် ပခုက္ကူ- ချောင်းဦးလမ်းပိုင်းအတွင်းသွား​လာနေသော မော်တော်ယဥ်များအနေဖြင့် ခရီးသွားစဥ်တွင် မှန်တင်၍မောင်းနှင်ခြင်းများနှင့် မိုးကာများအားအုပ်၍ မောင်းနှင်ခြင်းများမပြုလုပ်ရန်N- YSO ​ပြောက်ကျားတပ်ဖွဲ့က​လည်းမေလ ၁၁ ရက်တွင်အသိပေးသည်။အကယ်၍ အသိ​ပေးချက်ကိုလိုက်နာခြင်းမရှိဘဲ​မောင်းနှင်ပါက စစ်ကားများနှင့်မှားယွင်းနိုင်သည်ဖြစ်၍ အသက်အာမခံမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်ဟု​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ