Connect with us

Hi, what are you looking for?

News

အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကျင်းပနေချိန် NUG နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်ရောက်နေ

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့အရေးကို ဆွေးနွေးပွဲအစီအစဉ်တစ်ရပ် အဖြစ်ထည့်သွင်းဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။

▪️နိုင်ငံအချို့မှ ထိပ်တန်းတာဝန်ရှိသူများနှင့် လူချင်းတွေ့ဆုံဆွေးနွေးမည်ဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်လာသည့် နိုင်ငံအချို့နှင့်တွေ့ဆုံဆွေးနွေးရန် ဝါရှင်တန်သို့ရောက်ရှိနေကြောင်း အစိုးရအဖွဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ဧည့်ခံဆွေးနွေးမည့် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် အာဆီယံခေါင်းဆောင်များသည် ဝါရှင်တန်သို့ရောက်ရှိနေကြပြီး NUGနိုင်ငံခြား ရေးဝန်ကြီးက ဒေသတွင်းနိုင်ငံအချို့ထိပ်တန်းတာဝန်ရှိသူများနှင့် လူချင်းတွေ့ဆုံဆွေးနွေးရန် ရှိနေသည်။

“Side meeting အချို့တက်ဖို့ရှိပေမယ့် အချို့နိုင်ငံတွေက သူတို့နဲ့ တွေ့ဖို့ကို သတင်းထုတ်ပြန်ခွင့်ပြု မပြုက မသေချာဘူး ဖြစ်နေတယ်”ဟု NUG အစိုးရအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့အရေးကို ဆွေးနွေးပွဲအစီအစဉ်တစ်ရပ် အဖြစ်ထည့်သွင်းဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။

သို့သော် အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိဘဲ အာဆီယံ၏ ထုံးတမ်းအတိုင်း နိုင်ငံရေးနှင့်မပတ်သက်သူကိုယ်စားလှယ် (non-political representative)ကိုသာ ဖိတ်ကြားထားသည်ဟု အမေရိကန်က ဆိုသည်။

ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအနေဖြင့် မြန်မာပြည်သူများရွေးချယ်တင်မြှောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသင့်ကြောင်း အဆိုပြုထားသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လည်း ပြီးခဲ့သည့်ဧပြီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ထိပ်တန်းတာဝန်ရှိသူများနှင့် အွန်လိုင်းမှတွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင် ဒေသကို အမေရိကန် ထိန်းချုပ်မှုအောက် သွတ်သွင်းချင်တဲ့ သူ့စိတ်ကူးဟာ အလေးအနက် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျော်ဒန်ဘုရင်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်းတွေက အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေ ရပ်စဲဖို့၊ အေဂျင်စီကို ဖျက်သိမ်းဖို့ အားထုတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားစွဲဆိုလိုက်ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် လမ်းစဉ်ကိုလိုက်ပြီး အာဂျင်တီးနား အစိုးရဟာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို တိုက်ဖျက်ရေး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေအရ အမေရိကန်က နှင်ထုတ်လိုက်တဲ့ အိန္ဒိယ နိုင်ငံသား ၁၀၀ ကျော်ဟာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။