Connect with us

Hi, what are you looking for?

News

အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကျင်းပနေချိန် NUG နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်ရောက်နေ

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့အရေးကို ဆွေးနွေးပွဲအစီအစဉ်တစ်ရပ် အဖြစ်ထည့်သွင်းဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။

▪️နိုင်ငံအချို့မှ ထိပ်တန်းတာဝန်ရှိသူများနှင့် လူချင်းတွေ့ဆုံဆွေးနွေးမည်ဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်လာသည့် နိုင်ငံအချို့နှင့်တွေ့ဆုံဆွေးနွေးရန် ဝါရှင်တန်သို့ရောက်ရှိနေကြောင်း အစိုးရအဖွဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ဧည့်ခံဆွေးနွေးမည့် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် အာဆီယံခေါင်းဆောင်များသည် ဝါရှင်တန်သို့ရောက်ရှိနေကြပြီး NUGနိုင်ငံခြား ရေးဝန်ကြီးက ဒေသတွင်းနိုင်ငံအချို့ထိပ်တန်းတာဝန်ရှိသူများနှင့် လူချင်းတွေ့ဆုံဆွေးနွေးရန် ရှိနေသည်။

“Side meeting အချို့တက်ဖို့ရှိပေမယ့် အချို့နိုင်ငံတွေက သူတို့နဲ့ တွေ့ဖို့ကို သတင်းထုတ်ပြန်ခွင့်ပြု မပြုက မသေချာဘူး ဖြစ်နေတယ်”ဟု NUG အစိုးရအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့အရေးကို ဆွေးနွေးပွဲအစီအစဉ်တစ်ရပ် အဖြစ်ထည့်သွင်းဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။

သို့သော် အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိဘဲ အာဆီယံ၏ ထုံးတမ်းအတိုင်း နိုင်ငံရေးနှင့်မပတ်သက်သူကိုယ်စားလှယ် (non-political representative)ကိုသာ ဖိတ်ကြားထားသည်ဟု အမေရိကန်က ဆိုသည်။

ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအနေဖြင့် မြန်မာပြည်သူများရွေးချယ်တင်မြှောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသင့်ကြောင်း အဆိုပြုထားသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လည်း ပြီးခဲ့သည့်ဧပြီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ထိပ်တန်းတာဝန်ရှိသူများနှင့် အွန်လိုင်းမှတွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

Facebook