Connect with us

Hi, what are you looking for?

News

NUG၊ NUCCတို့နှင့် အလွတ်သဘောတွေ့ဆုံရန်အဆို အာဆီယံအထူးကိုယ်စားလှယ်နှင့် အဖွဲ့ဝင်နိုင်ငံအချို့ ထောက်ခံကြိုဆိုဟု မလေးရှားပြော

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ၊ NUCC တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသင့် ကြောင်းအဆိုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စတင် ပြောကြားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကမူ ၎င်း၏အဆိုပြုမှုကို အပြင်းအထန်ကန့်ကွက်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့နှင့် အလွတ်သဘောတွေ့ဆုံရန် အဆိုပြုမှုကို အာဆီယံအထူးကိုယ်စားလှယ်က ကြိုဆိုကြောင်း မလေးရှားနိုင်ငံခြား ရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အာဆီယံအဖွဲ့ဝင်နိုင်ငံများကို NUG ၊ NUCC တို့နှင့် လူချင်းတွေ့ဆုံ ဆွေးနွေးခြင်းမပြုရန် တားမြစ်ထားပါက အခြားနည်းလမ်းအဖြစ် အဖွဲ့ဝင်နိုင်ငံများသည် အွန်လိုင်း ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“ကျွန်တော်က အာဆီယံအထူးကိုယ်စားလှယ်အစား မပြောနိုင်ပေမယ့် သူ့ရဲ့အဆုံးသတ် မှတ်ချက်ထဲမှာ NUG ၊ NUCC နဲ့ အခြားသော ပါဝင်သင့်သူတွေနဲ့ထိတွေ့ဆက်ဆံဖို့ စဉ်းစားချက်ကို ကြို ဆိုပါတယ်။ NUG နဲ့ NUCC ကို နာမည်တပ်မပြောပေမယ့် အဲဒီသဘောအတိုင်း အခြားဝန်ကြီး နှစ်ဦးကလည်း ထောက်ခံပြောဆိုပါတယ်”ဟု Saifuddin Abdullah က ဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ၊ NUCC တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသင့် ကြောင်းအဆိုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စတင် ပြောကြားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကမူ ၎င်း၏အဆိုပြုမှုကို အပြင်းအထန်ကန့်ကွက်ထားသည်။

Public Service Announcement

Public Service Announcement

အဖွဲ့ဝင်နိုင်ငံများက အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ် မူအပေါ် ဆက်လက်ရပ်တည်နေသော် လည်း အာဏာသိမ်းစစ်ကောင်စီက အာဆီယံခေါင်းဆောင်များချမှတ်သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမရှိသည့်အပေါ် အဖွဲ့နိုင်ငံအချို့က စိတ်ပျက်ဒေါသထွက်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့အတွက် အာဆီယံသည် ပိုမိုဖန်တီးနိုင်သော နည်းလမ်းများကို ပြောင်းလဲ အသုံးပြုရန် လိုအပ် နေပြီး NUG ၊ NUCC စသည့် ပါဝင်သင့်သူများနှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။

ကိုးကား – Benar News

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook