Connect with us

Hi, what are you looking for?

News

NUG၊ NUCCတို့နှင့် အလွတ်သဘောတွေ့ဆုံရန်အဆို အာဆီယံအထူးကိုယ်စားလှယ်နှင့် အဖွဲ့ဝင်နိုင်ငံအချို့ ထောက်ခံကြိုဆိုဟု မလေးရှားပြော

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ၊ NUCC တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသင့် ကြောင်းအဆိုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စတင် ပြောကြားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကမူ ၎င်း၏အဆိုပြုမှုကို အပြင်းအထန်ကန့်ကွက်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့နှင့် အလွတ်သဘောတွေ့ဆုံရန် အဆိုပြုမှုကို အာဆီယံအထူးကိုယ်စားလှယ်က ကြိုဆိုကြောင်း မလေးရှားနိုင်ငံခြား ရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အာဆီယံအဖွဲ့ဝင်နိုင်ငံများကို NUG ၊ NUCC တို့နှင့် လူချင်းတွေ့ဆုံ ဆွေးနွေးခြင်းမပြုရန် တားမြစ်ထားပါက အခြားနည်းလမ်းအဖြစ် အဖွဲ့ဝင်နိုင်ငံများသည် အွန်လိုင်း ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“ကျွန်တော်က အာဆီယံအထူးကိုယ်စားလှယ်အစား မပြောနိုင်ပေမယ့် သူ့ရဲ့အဆုံးသတ် မှတ်ချက်ထဲမှာ NUG ၊ NUCC နဲ့ အခြားသော ပါဝင်သင့်သူတွေနဲ့ထိတွေ့ဆက်ဆံဖို့ စဉ်းစားချက်ကို ကြို ဆိုပါတယ်။ NUG နဲ့ NUCC ကို နာမည်တပ်မပြောပေမယ့် အဲဒီသဘောအတိုင်း အခြားဝန်ကြီး နှစ်ဦးကလည်း ထောက်ခံပြောဆိုပါတယ်”ဟု Saifuddin Abdullah က ဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ၊ NUCC တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသင့် ကြောင်းအဆိုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စတင် ပြောကြားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကမူ ၎င်း၏အဆိုပြုမှုကို အပြင်းအထန်ကန့်ကွက်ထားသည်။

Public Service Announcement

Public Service Announcement

အဖွဲ့ဝင်နိုင်ငံများက အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ် မူအပေါ် ဆက်လက်ရပ်တည်နေသော် လည်း အာဏာသိမ်းစစ်ကောင်စီက အာဆီယံခေါင်းဆောင်များချမှတ်သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမရှိသည့်အပေါ် အဖွဲ့နိုင်ငံအချို့က စိတ်ပျက်ဒေါသထွက်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့အတွက် အာဆီယံသည် ပိုမိုဖန်တီးနိုင်သော နည်းလမ်းများကို ပြောင်းလဲ အသုံးပြုရန် လိုအပ် နေပြီး NUG ၊ NUCC စသည့် ပါဝင်သင့်သူများနှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။

ကိုးကား – Benar News

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ PDFစစ်ရုံးချုပ်က ယနေ့(မေလ ၆ရက်)ထုတ်ပြန်သည်။

သတင်း

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။

Facebook