Connect with us

Hi, what are you looking for?

News

ရွာငံတွင် စစ်ကောင်စီတပ်က အရပ်သားများအား တရားလက်လွတ်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့

ရွာငံမြို့နယ်အတွင်း ၂၀၂၂ ဖေဖော်၀ါရီမှဧပြီအထိ သုံးလအတွင်း စစ်ကောင်စီတပ်သားများသည် တရားလက်လွတ်သတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှု၊ လုယက်မှု ၊အိမ်မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မှတ်တမ်းပြုစုထားသည်။

(အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးနောက် PDFဟု သတင်းအမှားထုတ်ပြန်ခဲ့သည်။)

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသတွင် စစ်ကောင်စီက သုံးလအတွင်း အပြစ်မဲ့ပြည်သူ ၁၀ဦးကို နှိပ်စက်သတ်​ဖြတ်ခဲ့ပြီး ကျေးရွာလေးရွာမှ ဒေသခံ ၈၀၀ကျော်သည် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က စစ်တမ်းကောက်ယူထားသည့် ရွာငံဒေသလူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းကို မေလ၁၁ရက်တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ရွာငံမြို့နယ်အတွင်း ၂၀၂၂ ဖေဖော်၀ါရီမှဧပြီအထိ သုံးလအတွင်း စစ်ကောင်စီတပ်သားများသည် တရားလက်လွတ်သတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှု၊ လုယက်မှု ၊အိမ်မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မှတ်တမ်းပြုစုထားသည်။

စစ်ကောင်စီက အရပ်သား ၁၀ဦးကို သတ်ဖြတ်ခဲ့ရာတွင် တစ်ဦးကိုလမ်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကိုးဦးကို PDFဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အရပ်သား ကိုးဦး အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရသည့် ဖြစ်စဥ်မှာ ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာတွင်ဧပြီ ၁၉ ရက်က ဖြစ်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၀င်များ တိုက်ပွဲဖြစ်နေ၍ တောထဲတွင်ပုန်းရှောင်နေသော ပဲရင်းတောင်ကျေးရွာမှ အမျိုးသား ကိုဦးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသတ်ဖြတ်ခြင်းဟု ထုတ်ပြန်ချက်ပါရှိသည်။

” စစ်ကောင်စီတပ်သားများသည် ရွာသားများ၏ လက်နှင့် ၀မ်းဗိုက်တို့ကို ဓားဖြင့်မွန်းကာနှိပ်စက်ခဲ့ပြီး နောက် ပစ်သတ်ကာ ပဲရင်းတောင်ကျေးရွာ အနောက်ဘက်ရှိကွင်းပြင်ထဲတွင် ၄င်းတို့၏ရုပ်အလောင်းကို ကားတာယာများဖြင့်မီးပုံရှို့ခဲ့ကြသည်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖော်ပြထားသည်။

စစ်ကောင်စီက ဒေသခံများပိုင်ဆိုင်သည့်နေအိမ် ခုနှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် နွားဘန်းကြီး၊ လွှစင်၊ လယ်ကိုင်းနှင့်ပဲရင်းတောင် ကျေးရွာ များမှ ဒေသခံပြည်သူရှစ်ရာကျော်သည် နေအိမ်များကိုစွန့်ခွာကာ ကျေးရွာအနီးရှိ တောတောင်များအတွင်းရှောင်တိမ်းနေထိုင်နေရသည်ဟု လတ်တလောအခြေအ​နေကို အသိပေးထားသည်။

ထို့အပြင် အရပ်သား ၂၅ဦးလည်း ဖမ်းဆီးခံထားရပြီး ၂၄ဦးသည် မည်သည့်နေရာတွင် ထိန်းသိမ်းခံထားရသည်ကို မသိသလို မိသားစုနှင့်အ​ဆက်အသွယ်မရသေးဟု ဆိုသည်။

ရွာငံဒေသတွင် အရပ်သားများအား ဖိနှိပ်သတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီတပ်များမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကလောအခြေစိုက် ခမရ(၁၁၂)နှင့် (၁၁၅) ၊ ရပ်စောက်အခြေစိုက် ခမရ (၅၀၈) နှင့် (၅၀၉) တို့ ဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။