Connect with us

Hi, what are you looking for?

News

အာဆီယံဆက်စပ်အစည်းအဝေးများတွင် မည်သူ့ကို ဖိတ်ရန်မဖိတ်ရန်နှင့်ပတ်သက်၍ စစ်ကောင်စီဝင်ရောက်မစွက်ဖက်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဝါရှင်တန်၌ ပြုလုပ်သော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယင်းသို့ ထည့်သွင်းဆွေးနွေးသည်။

မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး Saifuddin Abdullah

အာဆီယံသည် ၎င်းတို့၏ဆက်စပ်အစည်းအဝေးများတွင် မည်သူ့ကိုဖိတ်ကြားရမည်ကို အမိန့်ပေးရာ၌ အာဏာသိမ်းစစ်ကောင်စီကို ဝင်ရောက်စွက်ဖက်ခွင့်မပြုသင့်ကြောင်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားသည်။

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဝါရှင်တန်၌ ပြုလုပ်သော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယင်းသို့ ထည့်သွင်းဆွေးနွေးသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ကျင်းပခဲ့သော မြန်မာသို့ လူသားချင်းစာနာမှုအကူအညီပေးရေး အတိုင်ပင်ခံအစည်းအဝေးတွင် အာဆီယံက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်​ဒေါက်တာနိုလင်း​ဟေဇာကို ဖိတ်ကြားပြီးမှ စစ်​ကောင်စီကကန့်ကွက်သဖြင့် ပြန်လည်ဖျက်သိမ်းခဲ့သည့်အပေါ် မလေးရှားနိုင်ငံခြားရေးဝန် ကြီးက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ဝါရှင်တန်တွင်ပြုလုပ်ခဲ့​သော အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေး

“စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကို လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင်ဖို့ ခွင့်မပြုခဲ့တဲ့အပေါ် ကျွန်တော်တို့ ​နောင်တရမိပါတယ်” ဟု ဝန်ကြီး Saifuddin Abdullah က ​ပြောသည်။

Public Service Announcement

Public Service Announcement

ထို​ကြောင့် အာဆီယံသည် ၎င်းတို့၏ဆက်စပ်အစည်းအဝေးများတွင် မည်သူ့ကိုဖိတ်ကြားရမည်ကို ဆုံးဖြတ်ရာတွင်အာဏာသိမ်းစစ်ကောင်စီကို ဝင်ရောက်စွက်ဖက်ခွင့်မပြုသင့်ကြောင်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးတွင် မလေးရှားသည် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အနေဖြင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်အပေါ် ၎င်း၏လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် အပြည့်အ၀ထောက်ခံအားပေးကြောင်း ထုတ်ဖော်ပြော ဆိုသည်။

ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်သည် NUG ၊ NUCC ကိုယ်စားလှယ်များအပါအဝင် ပါဝင်သင့်သူအားလုံးနှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေး၌ တိုက်တွန်းသည်။

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရေး ကြိုးပမ်းမှုများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ကူညီများဖြင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(UN OCHA)ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများပါဝင်သင့်ကြောင်းလည်း Saifuddin Abdullah က တိုက်တွန်းသည်။

မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီးက ​မေ ၁၁ ရက်တွင်ဝါရှင်တန်၌ ပြုလုပ်​သော အာဆီယံနိုင်ငံခြား​ရေး ဝန်ကြီးများအလွတ်သ​ဘော​ဆွေ​နွေးပွဲတွင် ၎င်းထည့်သွင်း​ဆွေး​နွေးခဲ့​သောအ​ကြောင်းအရာများကို ၎င်း၏ ​အမည် (Saifuddin Abdullah )ဖြင့်အသုံးပြု​သော ဖေစ်ဘွခ်တွင်​လည်း​အောက်ပါအတိုင်းရေးသားထားသည်ကိုလည်း​တွေ့ရသည်။

https://m.facebook.com/story.php?story_fbid=547160853446204&id=100044568810361

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။