Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏သံအမတ်ကို ဩစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်အစီအစဉ်မှ ဖယ်ရှား

ဩစတြေးလျနိုင်ငံဆိုင်ရာ အကြမ်းဖက်စစ်ကောင်စီသံအမတ် သာအောင်ညွန့်သည် အထက်ပါဖိုရမ်၌ ကျေးဇူးတင်စကားပြောကြားရန် ကနဦးစီစဉ်ထားသော်လည်း ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင်၏ မေးခွန်းထုတ်မှုကြောင့် အစီအစဉ်က ဖယ်ရှားခံရခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံသံအမတ် သာအောင်ညွန့်ကို ဩစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်အစီအစဉ်မှ ဖယ်ရှားလိုက်ကြောင်း Justice for Myanmar က သတင်းထုတ်ပြန်သည်။

ဩစတြေးလျနိုင်ငံဆိုင်ရာ အကြမ်းဖက်စစ်ကောင်စီသံအမတ် သာအောင်ညွန့်သည် အထက်ပါဖိုရမ်၌ ကျေးဇူးတင်စကားပြောကြားရန် ကနဦးစီစဉ်ထားသော်လည်း ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင်၏ မေးခွန်းထုတ်မှုကြောင့် အစီအစဉ်က ဖယ်ရှားခံရခြင်းဖြစ်သည်။

“Samantha Ratnam က အာဆီယံစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ် NUGကို မဖိတ်ဘဲ အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စက်ဆုပ်ဖွယ် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဘာကြောင့် ဖိတ်ကြားခဲ့သလဲဆိုတဲ့အပေါ် မနေ့ကပြုလုပ်တဲ့ ပါလီမန်အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ Samantha Ratnam ကို မြန်မာပြည်သူလူထုနဲ့ အတူတကွ ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု Justice for Myanmar က ထုတ်ပြန်သည်။

ဩစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်ကို ဗစ်တိုးရီးယားပြည်နယ်အစိုးရက ဦးစီးကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။