Connect with us

Hi, what are you looking for?

News

သံလမ်းမှတ်တိုင်အနီး အင်းစိန်လမ်းမနှစ်ဖက်စလုံး စစ်ကောင်စီတပ်ပိတ်ဆို့ထား၍ ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်နေ

ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်သောကြောင့် အင်းစိန်လမ်းမတွင် ပြေးဆွဲသည့် YBS ကားများ ပြန်လှည့်ကာ ဗဟိုလမ်းမှ သွားရသောကြောင့် ဗဟိုလမ်းတွင်လည်း ယာဉ်ကြောပိတ်ဆို့ထပ်မံ ဖြစ်ပေါ် ခဲ့သည်။

ဓာတ်ပုံ - PS

ရန်ကုန်မြို့ လှိုင်မြို့နယ် သံလမ်းမှတ်တိုင်အနီး စစ်ကောင်စီတပ်စွဲထားသည့်နေရာ အင်းစိန်လမ်းမနှစ်ဖက်စလုံးကို ပိတ်ဆို့ထားသောကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်နေသည်။

ယနေ့ ည ၇နာရီ အချိန်ခန့်မှစတင်၍ လမ်းပိတ်ဆို့မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လမ်းပိတ်သည့် အကြောင်းပြချက်ကို မသိရကြောင်း ယင်းနေရာအနီးတွင်နေထိုင်သူများက ပြောသည်။

ဓာတ်ပုံ – PS

“ဟိုဘက်ရော၊ ဒီဘက်ရော ဖြတ်ခွင့်မပေးတာ။ စစ်သားတွေက လက်နက်တွေနဲ့ လမ်းပေါ်မှာ ပိတ်ထားတယ်”ဟု အဆိုပါ နေရာနေရာအနီးရောက်ရှိနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်သောကြောင့် အင်းစိန်လမ်းမတွင် ပြေးဆွဲသည့် YBS ကားများ ပြန်လှည့်ကာ ဗဟိုလမ်းမှ သွားရသောကြောင့် ဗဟိုလမ်းတွင်လည်း ယာဉ်ကြောပိတ်ဆို့ထပ်မံ ဖြစ်ပေါ် ခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – PS

လမ်းလျှောက်၍ သွားလာသူများကိုမှု စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ပြီးနောက်ဖြတ်သန်းသွားလာခွင့်ပေးကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။