Connect with us

Hi, what are you looking for?

News

မင်းတပ် CDF၏မိုင်းကြောင့်ပျက်စီးသွားသည့် စစ်ကားကို သစ်ပင်များခုတ်လှဲဖုံးအုပ်ပြီး ဝှက်ထားခဲ့

စစ်ကောင်စီတပ်အနေဖြင့်လည်း ယခုကဲ့သို့ စစ်ယာဉ်တန်းများ၏ ခရီးစဉ် ပြီးဆုံးပါက မင်းတပ်နယ်မြေအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများလုပ်ဆောင်လေ့ရှိသည်ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ - CDF-Mindat

မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စစ်ကောင်စီတပ်ယာဉ် တစ်စီးကို သစ်ပင်များ ခုတ်လှဲဖုံးအုပ်ပြီးဝှက်သွားကြောင်း မင်းတပ် CDFက ယနေ့ သတင်းထုတ်ပြန်သည်။

မတူပီ – မင်းတပ်လမ်း မိုင်တိုင်အမှတ် (၁၈)တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း၊ အဆိုပါယာဉ်မှ ကားဘီးများအား ဖြုတ်ယူသွားပြီး ကားကိုသစ်ပင်များ ခုတ်လှဲဖုံးထားခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

“သူတို့က ရုတ်တရက်ကြည့်လိုက်ရင် ကားလမ်းပေါ် ဘာမှ မတွေ့ရဘူး။ အဲဒီ ကားကတော့ လုံး၀ ပျက်စီးသွားတယ်။ အထဲမှာလည်း တအား အတွင်းထဲ မဝင်ခိုင်းသေးဘူး။ အဲဒီထဲမှာ အလောင်းတွေလည်းရှိနိုင်သလို မိုင်းတွေလည်းရှိနိုင်တယ်။ အဲဒီ ၁၈မိုင်ရဲ့ လမ်းဘေးမှာ သစ်ပင်ကို ချိန်းဆောနဲ့လှဲပြီးမှ သေချာ ဖုံးခဲ့တာ။ သဘောတရားက မမြင်စေချင်လို့ မသိအောင် ဘာမှမဖြစ်ဘူး ဆိုတဲ့ ပုံစံမျိုးလုပ်ခဲ့တာကို ကျွန်တော်တို့က ရှာဖွေတွေ့ခဲ့တာ”ဟု မင်းတပ် CDF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ဓာတ်ပုံ – CDF-Mindat

ယခု စစ်ကောင်စီတပ်၏ ယာဉ်တန်းသည် မင်းတပ် – မတူပီ၊ မတူပီ – မင်းတပ် အသွားအပြန် သုံးကြိမ်မြောက် ခရီးဖြစ်ပြီး ယခုတစ်ခေါက်တွင် ယခင်ထက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်နိုင်ခဲ့၍ စစ်ကောင်စီတပ်ကလည်း ထိခိုက်သေဆုံးများနိုင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“နောက်တစ်ကြိမ်လာရင် ကျွန်တော်တို့က ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့လည်း အဆင်သင့်ရှိနေမယ်။”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့်လည်း ယခုကဲ့သို့ စစ်ယာဉ်တန်းများ၏ ခရီးစဉ် ပြီးဆုံးပါက မင်းတပ်နယ်မြေအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများလုပ်ဆောင်လေ့ရှိသည်ဟု ၎င်းက ဆိုသည်။

“ဒီတစ်ကြိမ်ရော ထိုးစစ်လာမလားဆိုတာ စဉ်းစား စရာရှိတယ်။ ကျွန်တော်တို့ကတော့ အမြဲတမ်းတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေတယ်။ ထိုးစစ်ဆင်လာမယ်ဆိုရင်လည်း ပြန်လည်ခုခံတိုက်ခိုက်ဖို့ အခုကတည်းက ပြင်ဆင်ထားတာရှိပါတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဧပြီ ၂၇ရက်တွင် မတူပီမှ ထွက်ခွာလာရာ မတူပီ CDF၊ မင်းတပ် CDF တပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများ ရင်ဆိုင်ရ၍ မိုင် ၁၀၀ခန့် ခရီးကို ၁၇ရက်ကြာ မြင့်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။