Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်းတွင် စစ်​တပ်ယာဥ်ကိုတိုက်ခိုက်ရာ စစ်သားနှစ်ဦးသေပြီး သုံးဦး​ပေါင်ဖြတ်ရဟု မုံရွာPDF​ပြော

အကြမ်းဖက်စစ်တပ်မှ ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရပြီး၎င်းတို့အနက် ၃ ဦး ပေါင်ထိခိုက်၊ ၂ ဦး လည်ပင်းနေရာများ ထိခိုက်သွားသည်ဟု သတင်းရကြောင်း၊ လက်နက်တစ်ခုလည်း ပျက်စီးသွားသည်ဟုသိရကြောင်း PDF-South Monywa က ပြောသည်။

(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းနေသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ဧပြီလတတိယပတ်အတွင်းက တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးပြီး သုံးဦး​ပေါင်ဖြတ်ရ​ကြောင်း PDF- South Monywa ကပြောသည်။

ယမန်နေ့ (မေလ ၁၃ ရက်) နေ့လယ်ပိုင်းက မုံရွာ – မန္တလေးလမ်းမကြီး၊ မြေနဲရွာအနီး၌ အကြမ်းဖက်စစ်တပ်နှင့်ရဲများလိုက်ပါလာသည့်FAW ကားတစ်စီးအား မိုင်းသုံးလုံး တစ်ပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF-South Monywa က ပြောသည်။

အကြမ်းဖက်စစ်တပ်မှ ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရပြီး၎င်းတို့အနက် ၃ ဦး ပေါင်ထိခိုက်၊ ၂ ဦး လည်ပင်းနေရာများ ထိခိုက်သွားသည်ဟု သတင်းရကြောင်း၊ လက်နက်တစ်ခုလည်း ပျက်စီးသွားသည်ဟုသိရကြောင်း PDF-South Monywa က ပြောသည်။

“သတင်းအတိအကျရလို့ ကျွန်တော်တို့ရဲဘော်တွေစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အယောက် ၄၀ ကျော်လောက်ပါမယ်ဗျ။ မိုင်းဆွဲပြီးတော့ သူတို့ထုံးစံအတိုင်းမိုင်းဆွဲတယ်ထင်တဲ့ဘက်ကိုရမ်းသန်းပစ်ခတ်သွားပါတယ်။ကျွန်တော်တို့ရဲဘော်တွေအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ညနေပိုင်းစုံစမ်းသိရှိရသလောက်ကတော့၁၅ယောက်လောက်ထိတယ်လို့ကြားသိရတယ်။ ၃ယောက်ပေါင်ဖြတ်လိုက်ရပြီး၂ယောက်လည်ပင်းထိသွားတယ်။အဲဒီ၂ယောက်ကသေတယ်ကြားတယ်။သေနတ်တစ်လက်လည်းပျက်စီးသွားတယ်ကြားတယ်”ဟု PDF-South Monywa တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး မေလ ၁၁ ရက်နေ့ကလည်း ချောင်းဦး-ခင်မွန်ကြားတွင် အကြမ်းဖက်စစ်တပ်နှင့်ရဲများလိုက်ပါလာသည့် ယာဥ်တစ်စီးတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

Facebook