Connect with us

Hi, what are you looking for?

News

လိပ်သိုမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွား

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးမှုတွေရှိပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေရောက်ရှိလာလို့ ဒေသခံရွာသားတွေအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လိပ်သိုမြို့မှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုတစ်နေကုန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကာ ဒေသခံအချို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတယ်လို့ တောအူးကရင်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

မေ ၁၃ ရက်က သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အလယ်ချောင်းကျေးရွာအုပ်စု မိုင်းလွန်အလယ်ရွာနဲ့ အောက်ရွာဘက်မှာ စစ်ကောင်စီနဲ့ KNLA ပူပေါင်းတပ်တို့အကြား မနက် ၆ နာရီခွဲကနေ ညနေပိုင်းအထိ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေ ၁၁ ရက်က မိုင်းလွန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီးတဲ့နောက် မေ ၁၂ ရက် ည ၁၂ နာရီခန့်မှာ စစ်ကောင်စီက ကားသုံးစီးနဲ့ တပ်အင်အားအပြည့် အလယ်ချောင်းစခန်းမှာရောက်လာခဲ့တာပါ။

အဲ့ဒီနောက် မေ ၁၃ ရက် မနက် ၆ နာရီခန့်မှာ မိုင်းလွန်အလယ်ရွာဘက်ကို တောလမ်းနဲ့သွားရာကနေ ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်၊ မိုင်းလွန်အလယ်ရွာနဲ့ အောက်ရွာအကြားမှာ မနက် ၁၀ နာရီကနေ နေ့လည်ပိုင်းအထိ တစ်ကြိမ်ဖြစ်ခဲ့ပြီး မိုင်းလွန်ကားလမ်းပေါ် ဒဏ်ရာရရတဲ့ စစ်ကောင်စီတပ်သားတွေကို လာရောက်ကောက်ယူတဲ့ စစ်ကားကို ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စခန်းတိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်ဟာ အလယ်ချောင်းစခန်းကနေ မိုင်းလွန်အောက်ရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ မိုင်းလွန်အလယ်ရွာနဲ့ အောက်ရွာက ဒေသခံတချို့ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးမှုတွေရှိပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေရောက်ရှိလာလို့ ဒေသခံရွာသားတွေအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ တောအူးသတင်းစဉ်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ တောင်ငူ-လိပ်သို-လွိုင်ကော်ကားလမ်းသွားလာနေတဲ့ ယာဉ်တွေအားလုံးကို စစ်ကောင်စီက တားဆီးစစ်ဆေးလျက်ရှိနေပြီး တိုက်ပွဲဟာ ငြိမ်သွားပြီလို့ တောအူးကရင်သတင်းစဉ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။