Connect with us

Hi, what are you looking for?

News

ပုလဲဘက်မှပြန်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကားတစ်စီးမီးလောင်ပျက်စီး

အထက်ပါစစ်ကောင်စီတပ်ယာဉ်တန်းအား မုံရွာ-ညောင်ပင်ကြီးဇက်ကူးတို့မှ အင်အားအပြည့်နှင့် ကားနှစ်စီး ရွာထိပ်ထိလာကြိုပြီး ပြည်သူအိမ်းများ မီးရှို့ဖျက်စီးသွားသော စစ်ကောင်စီတပ်ယာဉ်တန်းနှင့်အတူ မုံရွာမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း ဖော်ပြထားသည်။

(စစ်ပညာသင်ယူနေသော ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၏ အဖွဲ့ဝင်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ပုလဲမြို့ဘက်မှ ရိက္ခာပို့ပြန်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ယနေ့(မေ ၁၅) ထုတ်ပြန်သည်။

ယနေ့နံနက် ၄ နာရီကျော်က အစီးရေ ၁၂ စီးပါစစ်ယာဉ်တန်းသည် ပုလဲဘက်မှအပြန် ယင်းမာပင်မှတစ်ဆင့် မုံရွာမြို့သို့ဆက်သွားရာ မြို့သစ်လမ်း ခွဲအရောက်တွင် ကာကွယ်ရေးတပ်များထောင်ထားသော မိုင်းလေးလုံးကို ခြေကျင်ဆင်းလာသော ပျူစောထီးများ ခလုတ်တိုက်မိရာက ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

အဆိုပါပေါက်ကွဲမှုကြောင့် စစ်ကားတစ်စီးမီးလောင်သွားပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အသိပေးသည်။

ထို့နောက် အထိနာသွားသော စစ်ကောင်စီတပ်များသည် တိုက်ခိုက်ခံရသည့်နေရာနှင့် ၄ ဖာလုံခန့်အကွာတွင်ရှိသည့် ရွာသာယာကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၃ လုံးမီး လောင်ဆုံးရှုံးသွားသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အထက်ပါစစ်ကောင်စီတပ်ယာဉ်တန်းအား မုံရွာ-ညောင်ပင်ကြီးဇက်ကူးတို့မှ အင်အားအပြည့်နှင့် ကားနှစ်စီး ရွာထိပ်ထိလာကြိုပြီး ပြည်သူအိမ်းများ မီးရှို့ဖျက်စီးသွားသော စစ်ကောင်စီတပ်ယာဉ်တန်းနှင့်အတူ မုံရွာမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသုံးဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲ​တွေဆက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဓာတုဗုံးအသုံးပြုတိုက်ခိုက်​နေပါတယ်။

သတင်း

ပုလဲမြို့နယ်မှာPDF နဲ့ ပကဖပူးပေါင်းတပ်တွေက အာဏာသိမ်းစစ်တပ်စစ်ကြောင်း​တွေကိုကြားဖြတ်တိုက်ခိုက်တာကြောင့် မြေပြင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကဂျက်ဖိုက်တာနဲ့ရောပါရာမော်တာနဲ့ပါ ဗုံးကြဲခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ချင်ပြစ်ကျေးရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖပူးပေါင်းတပ်တွေက တိုက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်မှုမှာထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။