Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့စစ်၊ BGF တို့ကို စစ်​ရေးရန်သူဟုသတ်မှတ်ပြီး ၂၀၀၈ခြေဥလက်ခံ​သောပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းများကို နိုင်ငံ​ရေးရန်သူဟုသတ်မှတ်ကြောင်း KIO/KIA အသိပေး

ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံသည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး KIO/KIA၏ သဘောထားကို မေလ ၁၆ရက် တွင် အဖွဲ့၏ သတင်းပြန်ကြားရေးဌာနက ကချင်ဘာသာဖြင့် ဖော်ပြခဲ့သည်။

(KIA တပ်ဖွဲ့ဝင်များကို စစ်​ရေးပြပွဲတစ်ခုတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KNG)

စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF)များကို စစ်ရေးအရ ရန်သူအဖြစ် သတ်မှတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံသည့် ပါတီ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို နိုင်ငံရေးအရရန်သူဟု ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)က အသိပေးလိုက်သည်။

ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံသည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး KIO/KIA၏ သဘောထားကို မေလ ၁၆ရက် တွင် အဖွဲ့၏ သတင်းပြန်ကြားရေးဌာနက ကချင်ဘာသာဖြင့် ဖော်ပြခဲ့သည်။

“တိုင်းရင်းသားတွေလည်း ပါတီထောင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း တော်တော် များများ ရှိတယ်။ အားလုံးအသိဖြစ်ပါတယ်။နောက်တစ်ခုရှိတာက ပြည်သူ့စစ်ထူထောင် တာတွေလည်းရှိ ပါတယ်။ ပြည်သူ့စစ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးကတော့ တပ်မတော်ရဲ့ လက်အောက်မှာ သူတို့ ဖွဲ့စည်းထားတဲ့ သူတို့ လက်နက်တပ်ဆင်ထားတဲ့ ပြည်သူ့စစ်တွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကတော့ ပြည်သူ့စစ်တွေ ရဲတွေအကုန်လုံး BGF တွေလည်း လက်နက်ကိုင်တယ်ဆိုတော့ လက်နက်ကိုင်တဲ့ လမ်းစဉ်ကို သူတို့ လက်ခံတယ်ဆိုတော့ ကျွန်တော်တို့အတွက်တော့ ဘုံရန်သူဖြစ်သွားတာပေါ့” ဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

ဒုတိယအချက်မှာ ပြည်သူ့စစ်ခေါင်းဆာင်အချို့သည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့၌ ဥက္ကဋ္ဌ လုပ်နေသူများရှိ၍ အခက်အခက်ရှိနေသည့်အပေါ် ရှင်းလင်းစွာ အသိပေးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကိုင်တဲ့ ပြည်သူ့စစ်တွေကိုတော့ ကျွန်တော်တို့ရန်သူလို့ သတ်မှတ်မှာ။ ဒါပေမဲ့ စာပေနဲ့ ယဉ်ကျေးမှုဘက်ကနေ ပြန်ကြည့်ရင်တော့ ဒါရန်သူတော့မဟုတ်ဘူးပေါ့။ ရှုပ်ထွေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒါက တစ်ချက်။ ဒုတိယ အချက်က နိုင်ငံရေးဘက်က ပြန်ကြည့်ရင် ကျွန်တော်တို့ KIOက ၂၀၀၈ အခြေခံဥပဒေကတော့ ကျွန်တော်တို့ လက်မခံဘူး။ ဆိုတော့ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံပြီးမှ နိုင်ငံရေးအဖွဲ့အစည်းတွေ ထူထောင်တဲ့ လူပုဂ္ဂိုလ်တွေလည်း နိုင်ငံရေးအတွက် ရန်သူဖြစ်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ကြောင့် စာပေ၊ ယဉ်ကျးမှု အဖွဲ့များနှင့် နိုင်ငံရေးဘက်၌ ဖွဲ့စည်းထားသည့် ပုဂ္ဂိုလ်များအနေဖြင့် လက်နက်ကိုင်သည့် ဘက် ပါဝင်ပတ်သက်မှုမရှိစေရန် အသိပေးခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်နက်ကိုင်ပြီဆိုရင်တော့ မတော်တဆ ဘာမဆို ဖြစ်လာနိုင်တာပေါ့။ နောက် စစ်ကောင်စီဘက်ကလည်း လက်နက်ကိုင်တဲ့ အဖွဲ့တွေကို တိုက်ပွဲလည်း ဝင်ခိုင်းတယ်။ ဆိုတော့ ဒီနိုင်ငံရေးပါတီတွေကို လက်နက်နဲ့ ရင်ဆိုင်ရတဲ့ အနေအထားတွေကိုလည်း ကျွန်တော်တို့က ကြိုတင်ပြီးမှ သတိပေးလိုတဲ့ သဘောနဲ့ အဲဒီသတင်း ဖော်ပြတာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း KIO ခရိုင်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်များအသီးသီး ထုတ်ပြန်၍ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မိမိစိတ်ဆန္ဒအလျောက် အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။