Connect with us

Hi, what are you looking for?

News

ဆောမြို့မရဲစခန်းမှ ရဲနှစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ

အာဏာလုစစ်​ကောင်စီအမိန့်ဆန်ကျင်ပြီး ပြည်သူနှင့်ပူး​ပေါင်းလာ​သောစစ်သားနှင့်ရဲ တစ်​သောင်းခွဲမှ နှစ်​သောင်းအတွင်းရှိ​လာပြီဖြစ်ပြီး အများစုမှရဲတပ်ဖွဲ့ဝင်များဖြစ်​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရကထုတ်ပြန်ထားသည်။

(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောရဲနှစ်ဦး။ ဓါတ်ပုံ-​ဆော ပအဖ)

ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှရဲတပ်သားနှစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဆောတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထံ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာ​ကြောင်း​ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပြန်သည်။

(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောရဲနှစ်ဦး။ ဓါတ်ပုံ-​ဆော ပအဖ)

ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သောရဲနှစ်ဦးသည် ​သေနတ် ၂ လက် ဗုံးသီး နှစ်လုံး ၊ကျည်​တောင့်​ပေါင်းရာနှင့်ချီ၍ ယူ​ဆောင်လာသည်ကို သတင်းထုတ်ပြန်ချက်ဓါတ်ပုံတွင်​တွေ့ရသည်။

“လောလောဆယ် လုံခြုံတဲ့နေရာမှာထားထားပါတယ်ဗျ။ကျွန်တော်တို့နဲ့ပူးပေါင်းပြီး ပြန်တိုက်ဖို့တော့လောလောဆယ်မရှိသေးပါဘူးဗျ” ဟု​ဆော ပအဖ မှတာန်ရှိသူက​ပြောသည်။

အဆိုပါရဲတပ်သားနှစ်ဦးအား လှုံခြုံစိတ်ချရသည့်နယ်မြေတွင်ထားရှိပြီးထိုက်သင့်သည့်ဆုကြေးငွေများလည်း ချီးမြှင့်ရန်စီစဥ်လျှက်ရှိ​ကြောင်းလည်းအသိ့​ပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မိဘပြည်သူများအနေနှင့် ၅၀၀၊ ၁၀၀၀ မှအစ တတ်အားသမျှဂုဏ်ပြုငွေထည့်ဝင်ပေးကြပါရန် ဆောပအဖမေတ္တာရပ်ခံထားသည်။

အာဏာလုစစ်​ကောင်စီအမိန့်ဆန်ကျင်ပြီး ပြည်သူနှင့်ပူး​ပေါင်းလာ​သောစစ်သားနှင့်ရဲ တစ်​သောင်းခွဲမှ နှစ်​သောင်းအတွင်းရှိ​လာပြီဖြစ်ပြီး အများစုမှရဲတပ်ဖွဲ့ဝင်များဖြစ်​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

Facebook