Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုမြို့မစျေးအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား သုံးဦးသေ

တိုက်ပွဲအတွင်း ကျည်၊ခဲယမ်းအချို့ကိုသိမ်း ဆည်းရရှိခဲ့ပြီး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့မစျေးအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်(KNDF) တပ်ရင်း(၁၉)က ထုတ်ပြန်သည်။

ဓာတ်ပုံ – KNDF

ယနေ့(မေ ၁၇ ရက်)က ဒီးမော့ဆိုမြို့မရဲစခန်းမှ ကင်းထောက်ထွက်လာသော စစ်ကောင်စီတပ်နှင့် နံနက်၁၀ နာရီ မှ ၁၂ နာရီခွဲခန့်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အလားတူ ဖရူဆိုမြို့နယ်၌ ယခုလ ၁၄ရက်က တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ သုံးဦးခန့်သေဆုံးကြောင်းလည်း KNDF တပ်ရင်း(၁၆)က ယနေ့ ထုတ်ပြန်ထား သည်။

တိုက်ပွဲအတွင်း ကျည်၊ခဲယမ်းအချို့ကိုသိမ်း ဆည်းရရှိခဲ့ပြီး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင်လည်း ကရင်နီ(ကယား)-ရှမ်းပြည် နယ်အစပ် တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို KNDF နှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များ ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။