Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၁)မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီတွင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ (၁၄)ဖွဲ့ပါဝင်

KNU တပ်မဟာ(၁)နယ်မြေ များဖြစ်သည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဘာအံ ဒေသများ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် အခြားတော်လှန်ရေးအင်အားစုများ ပါဝင်သည်ဟု ၎င်း ကဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ တွင် ဒေသတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လက်နက် ကိုင်တပ်ဖွဲ့ (၁၄)ဖွဲ့ ပါဝင်ကြောင်း အဆိုပါ ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

KNU တပ်မဟာ(၁)နယ်မြေ များဖြစ်သည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဘာအံ ဒေသများ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် အခြားတော်လှန်ရေးအင်အားစုများ ပါဝင်သည်ဟု ၎င်း ကဆိုသည်။

ထိုသို့စုဖွဲ့လိုက်ခြင်းမှာ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ စုစည်းညီညွတ်စွာ တွန်းလှန် တိုက်ပွဲဆင်နွဲရာတွင် စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက်ဖြစ်သည်ဟုဆိုသည်။

ယင်းမိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဖွဲ့စည်းမှုကို KNU ဗဟို၏ လမ်းညွှန်ချက်များအတိုင်း ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကော်မတီတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် KNU ခရိုင်နှင့် တပ်မဟာနယ်မြေများတွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် PDFများ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook