Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆွမ်ပရာဘွမ် – ပူတာအိုလမ်း၌ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

“စစ်ကား (၄)စီးဖြင့်၊ လက်နက်များ သယ်ဆောင်ပြီး မူဆယ်ဘက်အဆင်းမှာ ကေအိုင်အေဘက်က လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကား(၃) စီးပျက်စီးသွားကြောင်းကြား သိရပါတယ်”ဟု သတင်းတွင် ဖော်ပြထားသည်။

ကွတ်ခိုင်တွင်လည်း KIA တိုက်ခိုက်မှုကြောင့် စစ်ကား သုံးစီးပျက်စီး

ကချင်ပြည်နယ် ဆွမ်ပရာဘွမ် – ပူတာအိုလမ်းတွင် ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

မေလ ၁၇ရက် မွန်းလွဲ ၁နာရီ ၄၀မိနစ်ခန့်တွင် KIA တပ်မဟာ(၁)၊ တပ်ရင်း(၁၀)နယ်မြေ ခဂရန်းကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်ထောင်းရွာအထက်နား၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်စဉ်တွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ ဖော်ပြမထားပေ။

ယမန်နေ့(မေလ ၁၆ရက်) ညပိုင်းကလည်း ရှမ်းမြောက်ဒေသ ရှိ KIA တပ်မဟာ(၄)၊ တပ်ရင်း(၈) နယ်မြေ ကွတ်ခိုင်မြို့နယ် ဟူနောင်ရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန The Kachinnet က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“စစ်ကား (၄)စီးဖြင့်၊ လက်နက်များ သယ်ဆောင်ပြီး မူဆယ်ဘက်အဆင်းမှာ ကေအိုင်အေဘက်က လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကား(၃) စီးပျက်စီးသွားကြောင်းကြား သိရပါတယ်”ဟု သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုများ အမြဲရှိနေ၍ KIA တပ်မဟာ(၄)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁၀)နယ်မြေများ၌ တိုက်ပွဲများ မကြာခဏဖြစ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။