Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်​ကောင်စီစစ်​ကြောင်းကိုPDFနှစ်ဖွဲ့မိုင်းဆွဲတိုက်ခိုက် စစ်သား၁၀ ဦးခန့်​သေနိုင်ဟုတာဝန်ရှိသူ​ပြော

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင်မှတ်တမ်း ရှိသော်လည်း စစ်ကောင်စီ၏ အင်တာနက်လိုင်းဖြတ် တောက်ခံရမှုကြောင့် မကြာမီထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေကြောင်းလည်း အသိ ပေးသည်။

(​မေလ ၂ ရက်က ကိုးတဲရွာအနီး မိုင်းဆွဲခံရသည့် စစ်ကောင်စီစစ်ကြောင်းမှ သွေးကွက်နှင့် စစ်တပ်ကပစ်ခတ်​သောလက်နက်ကြီးကျည် အပိုင်းအစဖြစ်သည်။ ဓါတ်ပုံ- Special.9-HPDF)

အင်အား ၉၅ ဦး ရှိသည့် စစ်​ကောင်စီတပ်စစ်ကြောင်း ကို စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ် ပေကုန်း နှင့် အင်ဒေါင်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း Special.9-HPDF က ထုတ်ပြန်သည်။

ယနေ့(မေ ၁၈ ရက်)နံနက်အစောပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သတင်းအချက်အလက် မှန်ကန်စွာရရှိပြီး တိကျစွာဆောင်ရွက်နိုင်ခဲ့သည့် စစ်ဆင်ရေးတစ်ခုဖြစ်​ကြောင်း Special 9-HPDFမှ တာဝန်ရှိသူက​ပြောသည်။

(​မေလ ၂ ရက်က ကိုးတဲရွာအနီး မိုင်းဆွဲခံရသည့် စစ်ကောင်စီစစ်ကြောင်းမှ သွေးကွက်နှင့် စစ်တပ်ကပစ်ခတ်​သောလက်နက်ကြီးကျည် အပိုင်းအစဖြစ်သည်။ ဓါတ်ပုံ- Special.9-HPDF)

“အင်ဒေါင်းကြက်တကောင် ကို တက်လာပြီ ဆိုတာနဲ့ စောင့်ကြည့်ခဲ့တယ်။ပြီးတော့ အဲဒီလမ်းမှာ ရန်သူက မဖြစ်မနေ ဖြတ်ရမယ့် ကွန်ကရစ် တံတား ရှိတယ်။အတိအကျဆို ပေကုန်းနှင့် အင်ဒေါင်းကြား ချောင်းကူး တံတား။အခု ရေကလည်း ကြီးနေတာလေ။သူတို့ဖြတ်လာတဲ့အချိန်ကိုက် ကို မိုင်းဆွဲနိုင်ခဲ့တယ်”ဟု ၎င်းက People’s Spring သို့ ပြောသည်။

Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံး ဒဏ်ရာရရှိမှုနှင့်ပတ်သပ်၍ People’s Springကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကို Special.9-HPDFနှင့် ​ဒေသတွင်းပကဖ (ပြည်သူ့ကာကွယ်​ရေးအဖွဲ့)တို့ပူး​ပေါင်း၍ မိုင်းသုံးလုံးဖြင့်​ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင်မှတ်တမ်း ရှိသော်လည်း စစ်ကောင်စီ၏ အင်တာနက်လိုင်းဖြတ် တောက်ခံရမှုကြောင့် မကြာမီထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေကြောင်းလည်း အသိ ပေးသည်။

​မေလ ၂ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ် ညောင်ပင်စုနှင့် ကိုးတဲ ရွာကြားတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲခဲ့ရာ သေဆုံးထိခိုက်ဒဏ်ရာရရှိသူ အများအ ပြားရှိခဲ့သည်ဟု ဒေသတွင်းတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။