Connect with us

Hi, what are you looking for?

LuduNwayOo

News

ပွင့်ဖြူနယ်တွင် ​ဒေသခံလူငယ်များအား PDFဟု စွပ်စွဲဖမ်းဆီးခဲ့သည့် ​ကျောင်းကုန်းကြီးရွာအုပ်ကြီးနှင့် ပျူ​ခေါင်း​ဆောင် ရှင်းလင်းခံရ

ရှင်းလင်းခံရသူသည် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ အုပ်ချုပ်ရေးမှူးလုပ်နေသူတစ်ဦးဖြစ်ကာ ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအားအနီးကပ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့က ပြောသည်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ​ဒေသခံလူငယ်များအား PDFဟုစွပ်စွဲကာ ဖမ်းဆီးခဲ့သည့် ကျောင်းကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်တစ်ဦး သုတ်သင်ရှင်းလင်းခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မေလ ၁၉ ရက်)နံနက် ၁၁နာရီခန့်က ပွင့်ဖြူမြို့နယ် မဲဇလီ-ရှောက်တောလမ်းပေါ်တွင် စစ်ကောင်စီခန့် ကျောင်းကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ရှင်းလင်းခံရသူသည် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ အုပ်ချုပ်ရေးမှူးလုပ်နေသူတစ်ဦးဖြစ်ကာ ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအားအနီးကပ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့က ပြောသည်။

၎င်းသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများ၊ ရဲများနှင့်ပေါင်းကာ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ၊ လူငယ်များအားPDF ဟုစွတ်စွဲကာ မတရားသဖြင့် ဖမ်းဆီးမှုများ၊ လောင်းကစားဝိုင်းများဖြင့် ငွေရှာကာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့နေသူများတွင် အဓိကပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ရပ်ရွာနှင့်ပြည်သူလူထုအပေါ် အမျိုးမျိုးနှောင့်ယှက်ယုတ်မာနေသူတစ်ဦးဖြစ်သောကြောင့် တပ်စိတ်မှူး ဗိုလ်ကျောက်ဆောင်နှင့်အဖွဲ့မှ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

၎င်းအုပ်ကြီးကဲ့သို့ ပြည်သူအပေါ်ဒုက္ခပေးနေသော ပျူဒလန်များအားလုံး အချိန်မီတရားမရပါက အုပ်ကြီးသွားရာလမ်းအတိုင်း မကြာမီလိုက်သွားရမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းက ထပ်မံသတိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ထို့အပြင် PDF ပွင့်ဖြူကလည်း ယမန်နေ့က ပွင့်ဖြူအရှေ့ပိုင်းရပ်ကွက် စစ်ကောင်စီခန့်အုပ်ကြီးအိမ်တွင် ခွဲမိုင်းစီစဉ်ခဲ့ပြီး ပြည်သူများနှင့် မလွတ်ကင်းသောကြောင့် နောက်ပြန်ဆုတ်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့ (မေလ ၁၈ ရက်) နံနက် ၈နာရီခွဲခန့်က ပွင့်ဖြူမြို့နယ် တောင်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အနီး မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦးထိခိုက်ဒဏ်ရာရသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။