Connect with us

Hi, what are you looking for?

News

ပွင့်ဖြူနယ်တွင် ​ဒေသခံလူငယ်များအား PDFဟု စွပ်စွဲဖမ်းဆီးခဲ့သည့် ​ကျောင်းကုန်းကြီးရွာအုပ်ကြီးနှင့် ပျူ​ခေါင်း​ဆောင် ရှင်းလင်းခံရ

ရှင်းလင်းခံရသူသည် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ အုပ်ချုပ်ရေးမှူးလုပ်နေသူတစ်ဦးဖြစ်ကာ ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအားအနီးကပ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့က ပြောသည်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ​ဒေသခံလူငယ်များအား PDFဟုစွပ်စွဲကာ ဖမ်းဆီးခဲ့သည့် ကျောင်းကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်တစ်ဦး သုတ်သင်ရှင်းလင်းခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မေလ ၁၉ ရက်)နံနက် ၁၁နာရီခန့်က ပွင့်ဖြူမြို့နယ် မဲဇလီ-ရှောက်တောလမ်းပေါ်တွင် စစ်ကောင်စီခန့် ကျောင်းကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ရှင်းလင်းခံရသူသည် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ အုပ်ချုပ်ရေးမှူးလုပ်နေသူတစ်ဦးဖြစ်ကာ ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအားအနီးကပ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့က ပြောသည်။

၎င်းသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများ၊ ရဲများနှင့်ပေါင်းကာ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ၊ လူငယ်များအားPDF ဟုစွတ်စွဲကာ မတရားသဖြင့် ဖမ်းဆီးမှုများ၊ လောင်းကစားဝိုင်းများဖြင့် ငွေရှာကာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့နေသူများတွင် အဓိကပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ရပ်ရွာနှင့်ပြည်သူလူထုအပေါ် အမျိုးမျိုးနှောင့်ယှက်ယုတ်မာနေသူတစ်ဦးဖြစ်သောကြောင့် တပ်စိတ်မှူး ဗိုလ်ကျောက်ဆောင်နှင့်အဖွဲ့မှ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

၎င်းအုပ်ကြီးကဲ့သို့ ပြည်သူအပေါ်ဒုက္ခပေးနေသော ပျူဒလန်များအားလုံး အချိန်မီတရားမရပါက အုပ်ကြီးသွားရာလမ်းအတိုင်း မကြာမီလိုက်သွားရမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းက ထပ်မံသတိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ထို့အပြင် PDF ပွင့်ဖြူကလည်း ယမန်နေ့က ပွင့်ဖြူအရှေ့ပိုင်းရပ်ကွက် စစ်ကောင်စီခန့်အုပ်ကြီးအိမ်တွင် ခွဲမိုင်းစီစဉ်ခဲ့ပြီး ပြည်သူများနှင့် မလွတ်ကင်းသောကြောင့် နောက်ပြန်ဆုတ်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့ (မေလ ၁၈ ရက်) နံနက် ၈နာရီခွဲခန့်က ပွင့်ဖြူမြို့နယ် တောင်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အနီး မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦးထိခိုက်ဒဏ်ရာရသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။