Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် စစ်​ကောင်စီတပ်က ရွာငါးရွာကိုမီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို​သေနတ်ဖြင့်ပစ်သတ်

ညပိုင်း ၉နာရီကယဝန်းကျင်တွင် မြောင်မြို့ပေါ်မှ ဆင်းလာသည့် အကြမ်းဖက်စစ်တပ်က ပြည်သူများအား ရမ်းသမ်းပစ်ခတ်ခဲ့၍ ကူးတို့ကုန်းကျေးရွာမှ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၅၀၀ ကျော်ပြီဖြစ်ကြောင်း CDSOM အဖွဲ့က ပြောသည်။

(စစ်​ကောင်စီတပ်က ပြည်သူ့​နေအိမ်များကို မီးရှို့ဖျက်ဆီး​နေမှု ။ ။ဓါတ်ပုံ-CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာ ၅ ရွာအား မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၁၉ရက်နေ့)က အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်၊ ရွာပုလဲကျေးရွာတွင် နေအိမ် ၁၀လုံး၊ ညောင်ကားယားကျေးရွာတွင် နေအိမ် ၂၀လုံးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးအား​သေနတ်ဖြင်ဘ ပစ်သတ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM က ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ညပိုင်းက ပေါက်ချောင်းကျေးရွာနှင့်ကူးတို့ကုန်းကျေးရွာတို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ည ၉ နာရီအချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်ပြီးရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားသည်ဟု ခန့်မှန်းရကြောင်း ​ဒေသခံများက ပြောသည်။

(စစ်​ကောင်စီတပ်က ပြည်သူ့​နေအိမ်များကို မီးရှို့ဖျက်ဆီး​နေမှု ။ ။ဓါတ်ပုံ-CDSOM)

ညပိုင်း ၉နာရီကယဝန်းကျင်တွင် မြောင်မြို့ပေါ်မှ ဆင်းလာသည့် အကြမ်းဖက်စစ်တပ်က ပြည်သူများအား ရမ်းသမ်းပစ်ခတ်ခဲ့၍ ကူးတို့ကုန်းကျေးရွာမှ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၅၀၀ ကျော်ပြီဖြစ်ကြောင်း CDSOM အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များကို လက်နက်ကြီးအားကိုးဖြင့် အဝေးပစ်ခြိမ်းခြောက်မှုများ ၊ လက်နက်ကြီးငယ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများကို စစ်ကိုင်းတိုင်းအတွင်း ခပ်စိပ်စိပ် ပြုလုပ်လာသည်ဟု CDSOM အဖွဲ့က ပြောသည်။

‌အကြမ်းဖက်စစ်တပ်သည် ‘”ကြွက်မနိုင် ကျီ မီးနှင့်ရှို့” ဆိုသည့် စကားပုံအတိုင်း ပြည်သူတို့၏ ပြတ်သားသောစိတ်ဓာတ်ကို မနိုင်သည့်အတွက် ပြည်သူ့အိုးအိမ်ဖျက်ဆီးသည့် နည်းလမ်းများကို ပြောင်းလဲ အသုံးပြုလာခဲ့ကြောင်း၊ ကျေးလက်နေ ပြည်သူလူထုပိုင်ဆိုင်သည့် အိုးအိမ်များကို မီးရှို့လာသည်မှာလည်း နေ့တိုင်းလိုလိုပင် ဖြစ်ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်က ပြည်သူ့​နေအိမ်များကို မီးရှို့ဖျက်ဆီး​နေမှု ။ ။ဓါတ်ပုံ-CDSOM)

ကျေးရွာများတွင် ပြည်သူများက ထောက်ပို့ကူညီနေသည့်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲများ အဓွန့်ရှည်နေသည်ဟု အကြမ်းဖက်စစ်တပ်က ယူဆပြီး အုတ်တိုက်ကဲ့သို့ ကောင်းမွန်သော နေအိမ်များကို ပစ်မှတ်ထားပြီး ရွေးချယ်မီးရှို့နေသည်ဟု မြောင်မဟာမိတ်အဖွဲ့များက ပြောသည်။

စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်သည် အာဏာရှင်စနစ်တစ်ခုလုံး ပြုတ်ကျသွားစေဖို့ လက်လုပ်တူမီးကို တီထွင်အသုံးပြုပြီးတိုက်လာခဲ့သည့် မြေပြန့်လွင်ပြင်ဒေသဖြစ်ကြောင်း၊ မြောင်မြို့နယ်အတွင်း စစ်ကြောင့်ဖြစ်ပေါ်လာရသည့် ဆုံးရှုံးမှု ၊ နစ်နာမှု ၊ စစ်ဒဏ်များကိုလည်း ဖေးမ ကုစားပေးကြရန် အထူးမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်