Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခေါင်းဆောင်၏ အပြောနှင့်အလုပ် တလွဲစီဖြစ်နေဟု AA ပြော

စစ်ကော်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဟု ပြောသော်လည်း အောက်ခြေ၌ ထိပ်တိုက် တိုးရေး ပြည်သူအကြပ်အတည်းဖြစ်ရေး ကို ဦးတည်ပြီး လုပ်ဆောင်နေသည်ဟု ဆိုသည်။

“စစ်တပ်က ဘယ်ခေတ်နဲ့မှ မတူအောင် အကြပ်အတည်းတွေကို ရင်ဆိုင်နေရတဲအတွက်ကြောင့် မို့လို့ ဒီလို စကား မျိုး ပြောတာသာဖြစ်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို သုံးသပ်တယ်”

စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဟု ပြောသော်လည်း လက်တွေ့မြေပြင်၌ လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များမှာ တလွဲစီဖြစ်နေကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်း၏ AAနှင့် ပတ်သက်သည့် ပြောကြားချက်များအပေါ် ဦးခိုင်သုခက အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေကို ခြုံပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်ဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် တစ်ခုခု ဖြစ်လာလို့ရှိရင် မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ဆိုတဲ့ စကားကို ကျွန်တော်တို့တွေ့တယ်။ ဒီဟာက ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်သလို တစ်ခုခုဖြစ်လာလို့ရှိရင် ပြည်သူတွေကို လူမျိုးတုန်း သတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့ မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်းပြီးတော့ ဖော်ပြနေတာဖြစ်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို သုံးသပ်တယ်”ဟု ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ပွဲဖြစ်ပါက ပြည်သူများ နစ်နာမည်ကို ထမင်းစားသူတိုင်းသိသည်ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် စစ်မဖြစ်သော်လည်း ရခိုင်ပြည်သူများ ငတ်ပြတ်မှုဖြစ်စေရန် စစ်ကောင်စီက လုပ်ဆောင်နေသည်ဟု ဦးခိုင်သုခက ပြောသည်။

“အခုက ကျွန်တော်တို့ ရခိုင်ပြည်ထဲမှာ စစ်ဖြစ်နေတာထက်ပိုပြီးတော့ ဆိုးရွားတဲ့ ငတ်ပြတ်မှုတွေ စီးပွားရေး အကြပ်အတည်းတွေ ရခိုင်ပြည်က လူတွေ အလုပ်အကိုင် မရှိတာတွေ နောက် ကုန်ပစ္စည်းတွေ အဆမတန် စျေးတက်တာတွေ ကြားမှာ အမျိုးမျိုး ဒုက္ခခံနေရတာ တွေဟာ အများကြီး အခက်အခဲတွေကို ဖြစ်လာနေကြတယ်။ ဒီဟာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ မကြိုးစားဘဲ ပိုပြီးတော့ လုံခြုံရေးတွေ တင်းကြပ်လာတာတွေက မြန်မာစစ်တပ်ဟာ ဘယ်ဘက်ကို ဦးတည်ပြီး သွားနေသလဲဆိုတာကို အားလုံးသိတဲ့ကိစ္စဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဟု ပြောသော်လည်း အောက်ခြေ၌ ထိပ်တိုက် တိုးရေး ပြည်သူအကြပ်အတည်းဖြစ်ရေး ကို ဦးတည်ပြီး လုပ်ဆောင်နေသည်ဟု ဆိုသည်။

“ပြောရမယ်ဆိုလို့ရှိရင် အထက်က ပြောတာနဲ့ အောက်ခြေက လုပ်နေတာတွေဟာ တစ်လွဲစီ ဖြစ်နေတဲ့ဟာတွေကို ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေဟာ ပိုပြီးတော့မှ သံသယဖြစ်စရာ ကိစ္စတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က မြန်မာစစ်တပ်ဘက်က ဘယ်လိုစကားလုံးမျိုးတွေ ပြောနေတယ် ဆိုတာထက် မြန်မာစစ်တပ်ဘက်က ဘာတွေလုပ်နေသလဲဆိုတာ ကျွန်တော်တို့ မြင်အောင်ကြည့်ပြီးတော့မှ လက်တွေ့ကျကျ အလုပ်လုပ်သွားမှာ ဖြစ်တယ်” ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည့် ပြည်သူများ နစ်နာမည်ဆိုး၍ စစ်မတိုင်ဘူးဆိုသည့် စကားမှာ လုံး၀ယုတ္တိမရှိဟု ဦးခိုင်သုခက ပြောသည်။

“ဘာကြောင့်လဲဆိုရင် မြန်မာ စစ်တပ် လု့ပ်ခဲ့တဲ့ သမိုင်းတလျှောက် ကို ပြန်ကြည့်ရင် သူတို့ စစ်မတိုက်ချင်ရင်လည်း အကြောင်းအမျိုးမျိုးပြမှာပဲ။ စစ်တိုက်ချင်လို့ရှိရင်လည်း အကြောင်းအမျိုးမျိုး ပြပြီး ဖြစ်အောင်တိုက်မှာပဲ။ အခုလည်းပဲ အကြောင်းအမျိုးမျိုးပြပြီး သူတို့အာဏာသိမ်းထားတာ။ ဒါတွေကို သုံးသပ်ကြည့်ရင် မြန်မာစစ်တပ်က ပြည်သူတွေ နစ်နာမှာ ဆိုးလို့ သူတို့ စစ်မတိုက်ဘူးဆိုတဲ့ ဟာက ဒါဟာ လုံး၀ ရုတ္တိမတန်တဲ့ စကားလုံးသာဖြစ်တယ်။ ပြောမယ်ဆိုရင်သူတို့ မြန်မာစစ်တပ်က ဘယ်ခေတ်နဲ့မှ မတူအောင် အကြပ်အတည်းတွေကို ရင်ဆိုင်နေရတဲအတွက်ကြောင့် မို့လို့ ဒီလို စကား မျိုး ပြောတာသာဖြစ်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို သုံးသပ်တယ်” ဟု ဦးခိုင်သု ခက ပြောသည်။

စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူဗိုလ်ချုပ်​ဇော်မင်းထွန်းက ​မေ ၁၉ ရက်တွင်ပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင်

“ကျွန်တော်တို့ လုပ်နေတာ၊ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ထပ်ပြောပါမယ်၊ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လုပ်နေတာဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ စစ်​ကောင်စီ​ပြောခွင့်စပုဂ္ဂိုလ်က“ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ကျွန်တော် ပြောချင်ပါတယ်” ဟုခြိမ်း​ခြောက်​ပြောဆိုခဲ့ခြင်းဖြစ်သည်။

AA နှင့် စစ်ကောင်စီတပ်သည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲကာလမှစ၍ နားလည်မှုဖြင့် တိုက်ပွဲများ ရပ်စဲထားရာ လတ်တလောတွင် စစ်ရေးတင်းမာမှု နှင့် တိုက်ပွဲဖြစ်ပွားမှု အချို့ ရခိုင်ပြည်နယ်ရှိ ဒေသအချို့၌ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဟာမိတ် ဆက်ဆံရေးကော်မတီ တာဝန်ရှိသူများနှင့် AA ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ရာ အဆိုပါ တွေ့ဆုံပွဲနောက်ပိုင်း၌ စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ရခိုင်ပြည်သူများအပေါ် ခြိမ်းခြောက်ပြီး AAကို သတိပေးသည့် သဘောမျိုး ပြောဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။