Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှုရှိနေသမျှ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး လုံး၀ရရှိမည်မဟုတ်ဟု ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးပြော

တရားမဝင်အာဏာသိမ်းသည့်အချိန်မှ စတင်၍ မြန်မာပြည်သူများသည် ဆိုးဝါးပြင်းထန်သည့် စစ်တပ်၏ သတ်ဖြတ်မှု၊ နှိပ်စက်မှုတို့အပါအဝင် နေရပ်အိုးအိမ်စွန့်ခွာရမှု အစရှိသည့် ကြီးမားသည့် ဒုက္ခများနှင့် ရင်ဆိုင်ခံစားနေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်တပ်၏ ကျရှုံးသည့် အာဏာသိမ်းမှုရှိနေသမျှ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး လုံး၀ရရှိမည်မဟုတ်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပြော သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး – ပဋိပက္ခနှင့် စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်း၌ ပဋိပက္ခကြောင့် ဖြစ်ပွားလျက်ရှိသည့် စားနပ်ရိက္ခာဖူလုံမှုပြဿနာအား နည်းလမ်းမျိုးစုံမှ ပူးပေါင်းဖြေရှင်းရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း သည်။

မြန်မာပြည်သူများသည် ရွေးကောက်ခံအရပ်သားအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)တို့နှင့်အတူ စစ်တပ်မှ ပြုလုပ်သည့် ဒုက္ခအကြပ်တည်းကို ရပ်တန့်ရန်နှင့် အခြေခံလူ့အခွင့်အရေးများကို အာမခံပေးမှုများပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်ကြောင်းလည်း သံအမတ်ကြီးက လုံခြုံရေးကောင်စီသို့ အစီရင်ခံသည်။

တရားမဝင်အာဏာသိမ်းသည့်အချိန်မှ စတင်၍ မြန်မာပြည်သူများသည် ဆိုးဝါးပြင်းထန်သည့် စစ်တပ်၏ သတ်ဖြတ်မှု၊ နှိပ်စက်မှုတို့အပါအဝင် နေရပ်အိုးအိမ်စွန့်ခွာရမှု အစရှိသည့် ကြီးမားသည့် ဒုက္ခများနှင့် ရင်ဆိုင်ခံစားနေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူဦးရေတဝက်ခန့် ၂၅ သန်းကျော်သည် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု သတ်မှတ်မှုအောက်တွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က ထုတ်ပြန်ထားပြီး ၂၀၂၂ တွင် မြန်မာပြည်သူ ၆ဒသမ.၂ သန်းသည် အသက်ကယ်ကူညီစောင့်ရှောက်မှုကို လိုအပ်မည်ဟု လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများက ပြော ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။