Connect with us

Hi, what are you looking for?

News

မော်လမြိုင်တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်၍ အိမ်ထောင်စု ၆၀ခန့် ဘေးလွတ်ရာတိမ်းရှောင်နေရ

ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ကြရသော လေဘေးသင့်ပြည်သူများတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များပါဝင်နေသဖြင့် အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဇင်မိုး(FB)

လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် မော်လမြိုင်မြို့တွင် မိုးသည်းထန်ကာ မိုးသက်လေပြင်းတိုက်ခတ်၍ အိမ်ထောင်စု ၆၀ခန့် ဘေးလွတ်ရာရှောင်နေရကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူများထံမှ သတင်းရရှိသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် မော်လမြိုင်တစ်မြို့လုံးနီးပါး သစ်ပင်ကြီးများ လဲပျိုခြင်း၊ ဓာတ်မီးတိုင်များကျိုးကျ၍ လမ်းများပိတ်ဆို့ခြင်း၊ ဓာတ်အားလိုင်းများပြတ်တောက်ခြင်းနှင့် နေအိမ်များပျက်စီးခြင်းများ ရင်ဆိုင်နေရကြောင်း လူမှုကူညီရေးလုပ်ဆောင်သူများက ပြောသည်။

လက်ရှိတွင် မော်လမြိုင်မြို့ရှိ သာယာအေးနှင့် ဇေယျာသီရီမြို့သစ်ရှိ ကားနားလမ်းအနီးဝန်း ကျင်နေအိမ်များမှာ တဲအိမ်များဖြစ်၍ ပိုမိုအထိနာလျက်ရှိပြီး အိမ်ထောင်စု ၆၀ ခန့်ကို ဓမ္မာရုံတစ်ခုသို့ ပြောင်းရွှေ့ထားရကြောင်း မော်လမြိုင်မြို့မှ လူမှုကူညီရေးလုပ်ဆောင်နေသူ ကိုဇင်မိုးက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။

“ဓမ္မာရုံမှာ တိမ်းရှောင်ခိုင်းထားရတဲ့ ထမင်းထုပ်ဝေရမဲ့ မိသားစုတွေ ရှိနေပါပြီး။ ယခုညနေ (4:15)Pmအချိန်ထိလေရော မိုးရော အပြင်းထန်ဆုံးအခြေအနေမှာရှိနေဆဲပါ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ကြရသော လေဘေးသင့်ပြည်သူများတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များပါဝင်နေသဖြင့် အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ဇင်မိုး(FB)

ကပ္ပလီပင်လယ်ပြင်(မုတ္တမကမ်းလွန်အနီး) ၌ဖြစ်ပွားနေသော မုန်တိုင်းငယ် Depression သည် မွန်ပြည်နယ် မော်လမြိုင်မြို့အနီးမှဖြတ်ကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသပညာရှင်များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။