Connect with us

Hi, what are you looking for?

News

အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို KIAက နေရာ သုံးနေရာတွင် မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်များ စစ်အင်အားဖြည့်တင်းလာခြင်း၊စစ်လက်နက်နှင့် ရိက္ခာပို့ဆောင်ခြင်းများ အမြဲရှိနေ၍ KIA တပ်မဟာ(၈)နှင့် တပ်မဟာ(၉)နယ်မြေ၌ ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဖော်ပြသည်။

▪️တနိုင်း – ရှင်ဗွေယန်ကြား၌ KIA မိုင်းများဖြင့် တိုက်ခိုက်၍ စစ်ကောင်စီတပ်သေဆုံးထိခိုက်များဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားဝင်ရောက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့တွင် နေရာ သုံးနေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၉)၊ တပ်ရင်း(၆) နယ်မြေတွင် မေလ ၂၀ရက် နေ့လယ် ၁၂နာရီ ကျော်မှစ၍ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီဘက်ကထိခိုက် ဒဏ်ရာရ သေဆုံးမှုရှိ၊မရှိကိုဆက်လက် စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များ စစ်အင်အားဖြည့်တင်းလာခြင်း၊စစ်လက်နက်နှင့် ရိက္ခာပို့ဆောင်ခြင်းများ အမြဲရှိနေ၍ KIA တပ်မဟာ(၈)နှင့် တပ်မဟာ(၉)နယ်မြေ၌ ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဖော်ပြသည်။

ကချင်ဒေသခံတစ်ဦးကလည်း ဖားကန့်၌ တိုက်ပွဲဖြစ်ပွားမှုကို ကြားသိရသော်လည်း အသေးစိတ်အခြေအနေ မသိရဟု ပြောသည်။

ထို့ပြင် မေလ ၁၉ရက် ညနေပိုင်းကလည်း တနိုင်းမြို့နယ် တွင် စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

“တနိုင်း ဒကစက တပ်ပေါ့။ အင်အား ၇၀လောက် တနိုင်းဘက် ဆင်းလာတာကို KIAက တပ်ရင်း (၄၅)က အဲဒီမှာ မိုင်းဆွဲတိုက်ခိုက်လိုက်တယ်။ အဲဒီမှာ မိုင်းအကြီး ၄လုံး မိုင်းအသေး ၁၀လုံးဆိုတော့ စစ်ကောင်စီဘက်ကလည်း ၂၀ကျော်လောက် ထိခိုက်တာ ဒဏ်ရာရတာတွေရှိတယ်။ အရေအတွက်အတိအကျတော့ မသိဘူး” ဟု ကချင်ဒေသခံက ပြောသည်။

KIA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF) များကို စစ်ရေးအရ ရန်သူအဖြစ် သတ်မှတ်ကြောင်း သတင်းဖော်ပြခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံသည့် နိုင်ငံရေးပါတီများကို နိုင်ငံရေးအရ ရန်သူအဖြစ် သတ်မှတ်ကြောင်း အသိပေးထားသည်။

ထို့ပြင် KIO အုပ်ချုပ်ရေး ဌာနများကလည်း ဒေသတွင်းရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ မိမိစိတ်ဆန္ဒအရ အမြန်နုတ်ထွက်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။