Connect with us

Hi, what are you looking for?

News

စဉ့်ကူးမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ရာ စစ်ကောင်စီတပ် ခုနစ်ဦးသေ၊ PDF မန္တလေးမှ ရဲဘော်တစ်ဦးကျဆုံး

PDF(မန္တလေး)မှ ရဲဘော်အာကာစိုး(ခ) မိစိုးသည်လည်း စစ်မြေပြင်၌ အာဇာနည်သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့သော ရဲဘော်အာကာစိုးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက်မေ့နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များ အင်အား ၃၅၀ခန့်ဖြင့် ဝင်ရောက်လာ၍ ယမန်နေ့က ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF)- မန္တလေးက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမြို့မှ လုံခြုံရေးယူထားသော နယ်မြေအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးခန့် သေဆုံးပြီး များစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

PDF(မန္တလေး)မှ ရဲဘော်အာကာစိုး(ခ) မိစိုးသည်လည်း စစ်မြေပြင်၌ အာဇာနည်သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့သော ရဲဘော်အာကာစိုးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက်မေ့နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးသည် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟုဆိုသည်။ ပြည်သူများအနေဖြင့်လည်း နွေဦးတော်လှန်ရေးအတွက် နိုင်ရာတာဝန် ကျရာကဏ္ဍ၌ ပါဝင်ဆောင်ရွက်ပေးရန်လည်း PDF (မန္တလေး)က တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။