Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်ကောင်စီအား မွန်အမျိုးသားရန်သူအဖြစ် သတ်မှတ်တိုက်ပွဲဝင်သွားရန် မွန်အဖွဲ့အစည်းသုံးခု ပူးပေါင်းထုတ်ပြန်

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ရှိနေသမျှ ကာလပတ်လုံး ဖက်ဒရယ်မွန်ပြည် ရောက်ရှိနိုင်မည် မဟုတ်ဟု အပြည့်အ၀ယုံကြည်သောကြောင့် မဟာလူမျိုးကြီး ဝါဒ၊ အာဏာရှင်စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသော မည်သည့်အင်အားစုများနှင့်မဆို အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်အဖွဲ့အစည်းသုံးခုက ကြေညာသည်။

မွန်ပါတီအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမှ ရပ်ဆိုင်းရန်တောင်းဆို

အာဏာသိမ်းစစ်ကောင်စီအား အမျိုးသားရန်သူအဖြစ်သတ်မှတ်ပြီး တမျိုးသားလုံးအသွင်ဖြင့် တိုက်ပွဲဝင်သွားရန် မွန်တမျိုးသားလုံးအား တိုက်တွန်းကြောင်း မွန်အဖွဲ့အစည်း သုံးခုက ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

ရာမညဖက်ဒရယ်အင်အားစုသစ်(NRFF)၊ မွန်အမျိုးသားကွန်ရက်(MNN)နှင့် မွန်အမျိုးသား ကောင်စီ (ဩစတြေးလျ)(MNC-A)တို့က မေလ ၂၂ရက်တွင် ကျရောက်သည့် (၂၆၅)နှစ်ပြည့် ဟံသာ၀တီမွန်ပြည် ကျဆုံးခြင်း အထိမ်းအမှတ်ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သမိုင်းမှတ်တမ်းအရ ဗမာဘုရင် ဦးအောင်ဇေ ယျက ကျူးကျော်တိုက်ခိုက်မှုကြောင့် မွန်နိုင်ငံတော် ဟံသာ၀တီပြည် ကျဆုံးခဲ့သည်မှာ (၂၆၅)နှစ် ပြည့်ခဲ့ပြီဟု ဆိုသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် မွန်ရဟတ်းများ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ပါအဝင် မွန်လူထု များစွာ သတ်ဖြတ်ခံရပြီး မွန်ပြည်သူများစွာ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ရှိနေသမျှ ကာလပတ်လုံး ဖက်ဒရယ်မွန်ပြည် ရောက်ရှိနိုင်မည် မဟုတ်ဟု အပြည့်အ၀ယုံကြည်သောကြောင့် မဟာလူမျိုးကြီး ဝါဒ၊ အာဏာရှင်စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသော မည်သည့်အင်အားစုများနှင့်မဆို အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်အဖွဲ့အစည်းသုံးခုက ကြေညာသည်။

မွန်ကြမ္မာ မွန်တို့ ဖန်တီးနိုင်ရေးနှင့် ဖက်ဒရယ် မွန်ပြည်တည်ဆောက်ရေးအတွက် ယနေ့ ကျရောက်သည့် ဟံသာ၀တီမွန်နိုင်ငံတော် ကျဆုံးသည့် ၂၆၅ နှစ်မြောက်နေ့တွင် အထက်ပါအဖွဲ့အစည်းသုံးခုက အချက်သုံးချက်ကို​တောင်းဆိုတိုက်တွန်းသည်။ ထိုသုံးချက်မှာ မွန်ညီညွတ်ရေးပါတီအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမှ ရပ်ဆိုင်းရန် တောင်းဆိုကြောင်း၊ မွန်ဒေသအတွင်းရှိ မွန်အမျိုးသားထုတို့အား ကာကွယ်စောင့်ရှောက်သွားနိုင်သည့်မွန်အုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းလာရေးနှင့် မွန်အစိုးရ တစ်ရပ် ပေါ်ထွန်းလာရေးအတွက် မွန်အမျိုးသားထု တစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ရုန်းကန်အားထုတ်သွားရန် အလေးအနက် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

မဟာလူမျိုးကြီး ဝါဒနှင့် အာဏာရှင်စနစ်တို့သည်သာ စစ်မှန်သည့် ဖက်ဒရယ် မွန်ပြည်တည်ဆောက်ရေးတွင် အဓိက အဟန့်အတား ဖြစ်စေပြီး ၎င်းတို့ကို အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ကာ အမျိုးသားစည်းလုံးညီညွတ်မှုဖြင့်တိုက်ပွဲဝင်သွားရန်လိုအပ်သည်ဟုလည်း ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက အာဏာသိမ်းစစ်ကောင်စီကို ဘုံရန်သူအဖြစ် တိုက်ပွဲဝင်လာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ သို့ရာတွင် မွန်လူမျိုးတို့သည် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းလိုက်သည့် နိုင်ငံရေးအင်အားစုနှင့် အာဏာရှင်ကို ဆန့်ကျင်သည့် အင်အားစုများ ပေါ်ထွက်လာခဲ့ခြင်းကြောင့် မွန်တမျိုးသားလုံးတို့၏ စည်းလုံးညီညွတ်မှု ပျက်ပြားသွားစေပြီး အမျိုးသားဘုံရန်သူ သည်လည်း ဝေဝါးသွားစေခဲ့ကြောင်း မွန်အဖွဲ့အစည်း ၃ခု၏ ပူးတွဲကြေညာချက်၌ ပါရှိသည်။

ယခု ကြေညာချက်တွင် မွန်လက်နက်ကိုင်တပ်ဖြစ်သည့် မွန်ပြည်သစ်ပါတီ(NMSP) အဖွဲ့ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးနေသည့် အကြောင်းအရာအပေါ် ထောက်ပြပြောဆိုဝေဖန်ထားခြင်းကိုမူ မတွေ့ရပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။