Connect with us

Hi, what are you looking for?

News

ဖယ်ခုံအရှေ့ဘက်ကမ်း ဆီးမီးလော့ရွာတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးထက်မနည်းသေ

ထိုစစ်ကြောင်းကို (၁၀၀၈) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း -၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။

ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း ဆီးမီးလော့ရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်သား လေးဦးထက်မနည်း သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၃က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့(မေ ၂၁ ရက်) နေ့လယ် ၁ နာရီခွဲခန့်ကစတင်ခဲ့ပြီး ညနေ ၄နာရီခွဲ အထိကြာမြင်ခဲ့ကာ KNDF တပ်ရင်း -၃ ၊တပ်ရင်း -၁၁ နှင့် ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ နှစ်ဖက်ထိတွေ့မှုက မီတာ ၃၀၊ ၄၀ သာကွာတယ်။အဲဒါကြောင့် စစ်ကောင်စီတပ်က သေဆုံး မှုကို အတည်ပြုရတယ်” ဟု KNDF တပ်ရင်း -၃ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့တိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်မှ ရဲဘော်များထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယခုလ ၁၂ ရက်က ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တစ်ရက်တွင် စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှစတင် စစ် ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းကို (၁၀၀၈) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း -၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။

မေလ ၁၅ ရက် နှင့် ၁၆ ရက်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါအဝင် ရှစ်ဦးထက်မနည်းသေဆုံးသည်ကို တပ်ရင်း (၁၀၀၅က အတည်ပြုထားသည်။

သို့သော် ထိုရက်နောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူအရေအတွက် ကို မသိရှိခဲ့ရပေ။

မေလ၂၁ ရက်အထိ ဖယ်ခုံမြို့၊ အရှေ့ဘက်ကမ်း တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ ရဲဘော်လေးဦးကျဆုံးခဲ့သည်။

တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်သောကြောင့် ကျည်၊ခဲယမ်းလိုအပ်ချက် များလာပြီး ပြည်သူ လူထုအနေဖြင့် ဝိုင်းဝန်းကူညီပေးရန်လည်း KNDF တပ်ရင်း -၃ က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

မိုးကုတ်မြို့၊ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြို့ထဲက‌နေ လက်နက်ကြီးတွေ ပစ်နေပါတယ်။

Facebook