Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့တွင် မေလကုန်အထိ စစ်ဆင်ရေးပြုလုပ်မည်ဖြစ်၍ ပြည်သူများအနေဖြင့် သတိထားသွားလာရန် SNF အသိပေး

SNF အနေဖြင့် မေလ ၂၂ မှ ၃၁ရက်အထိ ရန်ကုန်မြို့အတွင်း စစ်ဆင်ရေးများပြုလုပ်ရန် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင် မေလကုန်အထိ စစ်ဆင်ရေးများပြုလုပ်ရန်ရှိ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သည့်နေရာများနှင့် ဈေးဝယ်စင်တာများကို ရှောင်ရှားသွားလာရန် Special Ninja Force -SNFက အသိပေးထားသည်။

“စစ်ကောင်စီနှင့်သက်ဆိုင်သော နေရာများ ၊စျေးရောင်းစင်တာများအား မလိုအပ်ဘဲသွားလာချင်းကိုမပြုလုပ်ဖို့ဘဲသတိပေးအပ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့အဖွဲ့သတိပေးစာထုတ်ပြန်ရတဲ့အကြောင်းအရင်းက ပြည်သူတွေ အတတ်နိုင်ဆုံးထိခိုက်မှုမရှိအောင် အသိပေးရချင်းဖြစ်ပါတယ်ခင်ဗျာ ၊”ဟု SNF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

SNF အနေဖြင့် မေလ ၂၂ မှ ၃၁ရက်အထိ ရန်ကုန်မြို့အတွင်း စစ်ဆင်ရေးများပြုလုပ်ရန် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

SNF အဖွဲ့ကို ဧပြီ ၁ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး စစ်ဆင်ရေးကို ဧပြီ ၂၄ ရက်က နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်နေသည့် ထောင်ဝန်ထမ်းများကို သတိပေးသည့် အနေဖြင့် အင်းစိန်အကျဥ်းထောင်အတွင်း လက်လုပ်မိုင်းပစ်၍ တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။