Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ သွေးခွဲဗျူဟာမအောင်မြင်ရေး ပအိုဝ်းလူမျိုးသာမက တစ်နိုင်ငံလုံးရှိတိုင်းရင်းသားအားလုံး သတိထားရန် ရှမ်းတောင်မှ တပ်ရင်း ၁၀၀၈ ပန်ကြား

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ – ဖယ်ခုံနယ်စပ် တိုက်ပွဲများ၌ ပါဝင်တိုက်ခိုက်နေသည့် အမှတ် – ၁၀၀၈ တပ်ရင်းသည် ရှမ်း၊ အင်းသား၊ ကယန်း၊ ပအိုဝ်း လူငယ်များစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု အသိပေးထားသည်။

▪️ပအိုဝ်းပြည်သူ့စစ် PNOအနေဖြင့် စစ်ကောင်စီနှင့် ဆက်ပူးပေါင်းပါက မလွှဲမသွေ တိုက်ခိုက်ရလိမ့်မည်ဟုအသိပေး

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ခေတ်အဆက်ဆက်က အသုံးပြုနေသည့် သွေးခွဲခြင်းလက်နက်ကို ယခုထိ အသုံးပြုနေဆဲဖြစ်ရာ စစ်ကောင်စီ၏ သွေးခွဲဗျူဟာ မအောင်မြင်စေရေး ပအိုဝ်းလူမျိုးသာမက တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအားလုံးသတိထားရန် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော အမှတ် (၁၀၀၈)တပ်ရင်းက ပန်ကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ကြောက်စရာ အကောင်းဆုံးလက်နက်သည် သွေးခွဲခြင်းလက်နက်ဖြစ်ပြီး ယခုထိတိုင်လည်း အသုံးပြုနေဆဲ အသုံးဝင်နေဆဲ ထိရောက်နေဆဲ ဖြစ်၍ ပြည်သူများအနေဖြင့် အဖြူအမဲသဲကွဲစွာ သိရန် လိုအပ်သည်ဟု အမှတ်(၁၀၀၈)တပ်ရင်းက ပအိုဝ်း ပြည်သူလူထုများထံသို့ မေတ္တာရပ်ခံ ပန်ကြားချက်၌ ဖော်ပြထားသည်။

ယခုဖြစ်နေသော တိုက်ပွဲသည် လူမျိုးရေးတိုက်ပွဲမဟုတ်ဘဲ မတရားအာဏာသိမ်းထားသော အာဏာသိမ်း စစ်တပ်ကို ပြည်သူများမှ ပြန်တိုက်နေရသော တိုက်ပွဲဖြစ်ကြောင်း၊ ဗမာနှင့် တိုင်းရင်းသား၊ ရှမ်းနှင့် ပအိုဝ်း ၊ ကယန်း၊ ကရင်နီနှင့် ပအိုဝ်းစသဖြင့် လူမျိုးခြင်း တိုက်ပွဲမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်၏ အပေါင်းအပါ အားလုံးကို အမြစ်ပြတ်အောင် တော်လှန်နေသည့် တိုက်ပွဲဖြစ်ကြော်ငး အမှတ် (၁၀၀၈)တပ်ရင်းက ဆိုသည်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအရ ပြတ်သားမှုမရှိသော PNOကို အကြမ်းဖက် စစ်ကောင်စီက အသုံးချနေခြင်းကို ပအိုဝ်းလူမျိုးများ အနေဖြင့် နားလည်သိရှိထားရမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မိမိတို့ ပြည်သူများအနေဖြင့် PNOနှင့် ပအိုဝ်းကို ခွဲခြားသိမြင်ရမည်ဖြစ်ကြောင်း၊ ပအိုဝ်းသည် တိုင်းရင်းသားလူမျိုးဖြစ်ပြီး PNO သည် စစ်တပ်အဖွဲ့အစည်းမျှသာ ဖြစ်ကြောင်း၊ ထို့အတူ ဗမာသည် လူမျိုးဖြစ်ပြီး စစ်တပ်သည် အာဏာသိမ်း အကြမ်းဖက်အဖွဲ့အစည်း သာဖြစ် ကြောင်း ပန်ကြားချက်၌ ရှင်းပြထားသည်။

ထို့ကြောင့် စစ်ကောင်စီ၏ သွေးခွဲဗျူဟာ မအောင်မြင်အောင် ပြည်သူလူထု အားလုံးသတိကြီးစွာ ထားရမည် ဖြစ်ပအိုဝ်းလူမျိုးမှမဟုတ် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအားလုံး သတိထားရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ – ဖယ်ခုံနယ်စပ် တိုက်ပွဲများ၌ ပါဝင်တိုက်ခိုက်နေသည့် အမှတ် – ၁၀၀၈ တပ်ရင်းသည် ရှမ်း၊ အင်းသား၊ ကယန်း၊ ပအိုဝ်း လူငယ်များစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု အသိပေးထားသည်။

စစ်ကောင်စီကို တော်လှန်နေသော ပအိုဝ်းပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်းရှိနေကြောင်း၊ တစ်ဖက်တွင်လည်း PNO အနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေပါက မိမိတို့လည်း မလွှဲမသွေ တိုက်ခိုက်ရမည်ဖြစ်ကြောင်း ပန်ကြားချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် PNO အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ရှိရာ လမ်းကြောင်းပေါ်မှ ထွက်ခွာပေးရန် နှင့် ပအိုဝ်းပြည်သူများအနေဖြင့်လည်းခွဲခြား သိမြင်နားလည်ပေးကြရန်၊ ပအိုဝ်းလူငယ်များလည်း တော်လှန်ရေးတွင် သွေးမကွဲဘဲ စွမ်းသမျှပါဝင်ပူးပေါင်းကြရန် အမှတ် (၁၀၀၈) တပ်ရင်းက မေတ္တာရပ်ခံခဲ့သည်။

မေလ ၁၂ရက်က ညောင်ရွှေ မြို့နယ် ထီရိရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်အတူ PNO တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ခဲ့သည်။ အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင်သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီနှင့် PNO တပ်သား များ ဖမ်းဆီး ခံခဲ့ရသည်။ လတ်တလောတွင် ဖယ်ခုံ – ညောင်ရွှေနယ်စပ်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကြား သွေးခွဲသည့်ဗျူဟာ ကျင့်သုံးနေကြောင်း KPDFနှင့်နီးစပ်သူများက သတိပေးသည်။

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။