Connect with us

Hi, what are you looking for?

News

မုံရွာရှိစစ်​ကောင်စီလက်​အောက်မှ အမှတ် ၇၅ သစ်စက်ထရန်စ​ဖော်မာကို ပြောက်ကျားတပ်ဖွဲ့ ​ဖောက်ခွဲ

မြန်မာ့သစ်လုပ်ငန်း(မုံရွာ)သည် အာဏာသိမ်းပြီးချိန်ကစ၍ အချိန်ပြည့်လုပ်ငန်းလည်ပတ်လျက်ရှိပြီး စက်ရုံအရာရှိများကလည်း ဝန်ထမ်းများကို CDM မဝင်စေရေး၊ ဖိနှိပ်မှုများ၊ စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း DGF(L.C)က ပြောသည်။

(အမှတ် ၇၅ သစ်စက်ဝင်းအတွင်း လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဥ် ။ ပုံအ​ဟောင်းဖြစ်ပါသည်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီအား ကြီးစွာအထောက်အကူပြုနေသည့် သစ်လုပ်ငန်းရုံးရပ်ဆိုင်းသွားစေရန် ၎င်းရုံးဝင်းရှိ ထရန်စဖော်မာကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း) DGF(L.C)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၂၂ ရက်) ည ၈ နာရီ ၁၀ မိနစ်အချိန်က မုံရွာမြို့ တည်းခိုရေးတပ် တခရ-၅ အနီး၊ အမှတ် ၇၅ သစ်စက်ရှိ ထရန်စဖော်မာတစ်လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း DGF(L.C)က ပြောသည်။

မြန်မာ့သစ်လုပ်ငန်း(မုံရွာ)သည် အာဏာသိမ်းပြီးချိန်ကစ၍ အချိန်ပြည့်လုပ်ငန်းလည်ပတ်လျက်ရှိပြီး စက်ရုံအရာရှိများကလည်း ဝန်ထမ်းများကို CDM မဝင်စေရေး၊ ဖိနှိပ်မှုများ၊ စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း DGF(L.C)က ပြောသည်။

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီအတွက် ကျည်ဖိုး၊ ဆီဖိုး၊ လက်နက်ဖိုးများကို ရှာပေးနေသည့် အကြီးဆုံးထောက်တိုင်ကြီးတစ်ခုဖြစ်၍ ထောက်တိုင်လုပ်ငန်း ရပ်ဆိုင်းသွားစေရန် လျှပ်စစ်ထရန်စဖော်မာကို မိုင်းသုံးလုံးဖြင့် ‌ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DGF(L.C)က ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် တခရ-၅တပ်နှင့်နီးသော ထိုနေရာဝန်းကျင်အား သွားလာခြင်းမပြုကြရန် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တခရ-၅မှ စစ်​ကောင်စီတပ်ကား ၃စီးရောက်ရှိလာပြီး ရှင်းလင်းမှုများ ပြုလုပ်သွားကြောင်း ဒေသခံအချို့က ပြောသည်။

အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသော မုံရွာခရိုင်အတွင်းတွင် အကြမ်းဖက်စစ်တပ်ထုတ်ကုန်များကိုပါ ရောင်းချခြင်းမပြုကြရန် သတိပေးထားပြီး ယခင်ရက်ပိုင်းကလည်း စစ်တပ်ပိုင်ဘီယာရောင်းချသည့်ဆိုင်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စစ်ဆေးကာ ဘီယာများအား ဖျက်ဆီးပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

Facebook