Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို ဖိအားဆက်ပေးဖို့ အမေရိကန်သမ္မတနဲ့ဂျပန်ဝန်ကြီးချုပ်သံန္နိဋ္ဌာန်ပြု

ဂျပန်ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယားနိုင်ငံ သမ္မတနဲ့တွေ့ဆုံစဉ်မှာလည်း ပူးတွဲကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်းကြေညာခဲ့ပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အာဏာသိမ်းမှုကို ရှုတ်ချပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့် ဖို့ တောင်းဆိုလိုက်ကြပါတယ်။

ဝန်ကြီးချုပ် ကီရှီဒါနဲ့ သမ္မတ ဘိုင်ဒင် တို့ရဲ့ပူးတွဲကြေညာချက်မှာ စစ်အာဏာသိမ်းမှုနဲ့အရပ်သားပြည်သူတွေအပေါ်ရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေ ကိုရှုတ်ချခဲ့ကြပါတယ်။

ဒါအပြင် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ဖို့ ၊မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့ ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ တစ်နိုင်ငံလုံးကို အချုပ်အချယ်မရှိရောက်ရှိစေဖို့ ၊ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်ရေး တွန်းအားပေးကြဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သံန္နိဋ္ဌာန်ပြုခဲ့တယ်လို့သိရပါတယ်။

ဂျပန်ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယားနိုင်ငံ သမ္မတနဲ့တွေ့ဆုံစဉ်မှာလည်း ပူးတွဲကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်းကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတနဲ့ တောင်ကိုရီးယား သမ္မတ တို့ရဲ့ ပူးတွဲကြေညာချက်မှာဆိုရင်လည်း ဒီမိုကရေစီလမ်းကြောင်းကိုပြန်လျှောက်ဖို့ ၊ မတရားဖမ်းထားသူတွေကို လွှတ်ဖို့ ၊စစ်တပ်ကိုလက်နက်မရောင်းချဖို့ ၊မြန်မာနိုင်ငံသားတွေကိုခိုလှုံခွင့်ပေးဖို့အချက်တွေပါဝင်နေတာကို တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။