Connect with us

Hi, what are you looking for?

News

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကွယ်လွန်

စစ်တပ်အာဏာမသိမ်းမီပြုလုပ်သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရှုံးခဲ့သူများသည် ၎င်းတို့အရှုံးကို လက်မခံဘဲ အမျိုးမျိုးဝေဖန်နေကြပြီး ၎င်းတို့လုပ်ရပ်သည် Political Suicide(ကိုယ့်နိုင်ငံရေးကိုယ်ပြန်သတ်ခြင်း)ဖြစ်သည်ဟု ​ပြောခဲ့သည်။

အရပ်သား အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးသည် ယနေနံနက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။

အသက် ၄၉ နှစ်အရွယ် ဦးဇော်ဌေးသည် နှလုံးရုတ်တရက်ရပ်တန့်ပြီး ဆုံးပါးခဲ့ခြင်းဖြစ်ကာ မကွယ်လွန်ခင်တွင် နေပြည်တော်၌ စစ်ကောင်စီ၏ စောင့်ကြည့်ခြင်းခံနေရသူဖြစ်ကြောင်း နေပြည်တော်ရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တပ်အာဏာမသိမ်းမီပြုလုပ်သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရှုံးခဲ့သူများသည် ၎င်းတို့အရှုံးကို လက်မခံဘဲ အမျိုးမျိုးဝေဖန်နေကြပြီး ၎င်းတို့လုပ်ရပ်သည် Political Suicide(ကိုယ့်နိုင်ငံရေးကိုယ်ပြန်သတ်ခြင်း)ဖြစ်သည်ဟု ​ပြောခဲ့သည်။

ထိုစဥ်က စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံပြု နိုင်ငံရေးပါတီများက အာဏာရပါတီ NLD က မဲသမမာမှုလုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး စစ်တပ်အာဏာသိမ်းရန် လမ်း​ကြောင်းခဲ့ကြသည်။

Public Service Announcement

Public Service Announcement

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်သူလူထုသည် မည်သည့်ပါတီကိုယ်စားလှယ်ကို မဲပေးခဲ့ကြောင်း အသိဆုံးဖြစ်ပြီး NLD ၏ အပြတ်အသတ်အနိုင်ရမှုသည် ပထမဆုံးမဟုတ်ဘဲ ၁၉၉၀၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲများတွင်လည်း အပြတ်အသတ်အနိုင်ရခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

စစ်တပ်အာဏာသိမ်းချိန်တွင် ဦးဇော်ဌေးဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

စစ်ကောင်စီက ၎င်းကို ယခင်ညွန်ကြားရေးမှူးချုပ်ရာထူးပြန်ပေးသော်လည်း ဦးဇော်ဌေးက အလုပ်ထွက်စာတင်ခဲ့ကြောင်း နေပြည်တော်ရင်းမြစ်က ပြောသည်။

ယင်းနောက်ပိုင်းတွင် ဦးဇော်ဌေးကို စစ်ကောင်စီက စောင့်ကြည့်ခဲ့ပြီး ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်များကို တားမြစ်ထားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဦးဇော်ဌေးသည် လက်ရှိ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဥ် ၃၇ အတူတူတက်ရောက်ခဲ့သူဖြစ်ပြီး ရင်းနှီးသည့်သူငယ်ချင်းများဖြစ်သည်။

ဦးဇော်ဌေးသည် ဗိုလ်မှူးရာထူးဖြင့်အရပ်ဘက်သို့ ပြောင်းရွှေ့ခဲ့သူပြီး ယခင်စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်ရုံး၊ သမ္မတဦးသိန်းစိန်လက်ထက် သမ္မတရုံးညွှန်ကြားရေးမှူး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ်တွင် ဘာသာ​ရေး၊လူမျိုး​ရေးပြသာနာများစတင်ဖြစ်ပွားချိန် နှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွား​သော ပြသာနာများ၌ ဦး​ဇော်​ဌေး ​​​ဖေစ်ဘွခ်နှင့် မီဒီယာများသို့ ​ရေးသား​ပြောဆိုချက်များမှာ အစွန်း​ရောက်သဖြင့် ​​ဝေ​ဖန်​ထောက်ပြမှုများစွာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။