Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေက စစ်အုပ်စုကတဆင့်ပေးဖို့မသင့်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေတောင်းဆို

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွပြည်သူတွေအပေါ် စစ်အုပ်စုဟာ ပိုမိုဖိနှိပ်ဖို့ ခွဲခြားဆက်ဆံဖို့ ကန့်သတ်ပိတ်ပင်ဖို့ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကိုဗစ်ကို အကြောင်းပြချက်အဖြစ်အသုံးပြုခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက လေ့လာတွေ့ရှိထားတာဖြစ်ပါတယ်။

People's Spring
People's Spring

UN အပါအ၀င် နိုင်ငံတကာ အစုအဖွဲ့တွေအနေနဲ့ COVID-19 တုံ့ပြန်မှုနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အရေးအပေါ်အကူအညီဖြန့်ဝေတာကို မြန်မာစစ်အုပ်စုကနေတဆင့် ကူညီထောက်ပံ့ဖို့မသင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက မေလ ၂၀ ရက် ရက်စွဲနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတ၀ှမ်းမှာဖြန့်ဝေတဲ့အခါ စစ်အုပ်စု ဒါမှမဟုတ် စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းပေးအပ်တာမျိုး မလုပ်ဖို့၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ NGO တွေဟာ ဒေသခံလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလူထု လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ကျန်းမာရေးဝန်ဆောင်မှု ပေးသူတွေနဲ့ ပုံမှန်ဆက်သွယ်မှု၊ အကြံဉာဏ်ရယူမှုတွေ ပြုလုပ်ပြီး ကိုဗစ်ကပ်ရောဂါအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေကနေတဆင့် ဆောင်ရွက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါပြသနာတွေအပေါ် အရေးတယူတုံ့ပြန်ဆောင်ရွက်မှုတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဦးဆောင်ဖို့နဲ့ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို အဆုံးသတ်စေဖို့၊ မြန်မာနိုင်ငံရဲ့အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံးရုံး ICC ကို လွဲပြောင်းဖို့နဲ့ ကမ္ဘာတဝှမ်းက စစ်ကောင်စီကို လက်နက်ပိတ်ဆို့မှုနဲ့ ငွေကြေးစီးဆင်မှုဖြတ်တောက်တာတွေ ပြုလုပ်ဖို့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမြန်ဆုံး ချမှတ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက အကြံပြုထားတာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွပြည်သူတွေအပေါ် စစ်အုပ်စုဟာ ပိုမိုဖိနှိပ်ဖို့ ခွဲခြားဆက်ဆံဖို့ ကန့်သတ်ပိတ်ပင်ဖို့ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကိုဗစ်ကို အကြောင်းပြချက်အဖြစ်အသုံးပြုခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက လေ့လာတွေ့ရှိထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် တနင်္သာရီတိုင်းမှာ ကိုဗစ်ကပ်ရောဂါကို စစ်ကောင်စီက အလွဲသုံးစားလုပ်တဲ့အပြင် လက်နက်သဖွယ်အသုံးချမှုကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လေးလတာစောင့်ကြည့်လေ့လာမှုတွေအရ တွေ့ရှိရပြီး UN အပါအ၀င် နိုင်ငံတကာ အစုအဖွဲ့တွေအနေနဲ့ လူသားချင်းစာနထောက်ထားမှု အရေးပေါ်အကူအညီတွေကို စစ်အုပ်စုကနေတဆင့် ဖြန့်ဝေတာ၊ စစ်အုပ်စုနဲ့ပတ်သက်တဲ့ ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းပေးအပ်တာတွေ မလုပ်သင့်ကြောင့် အခုလိုတိုက်တွန်းထားတာဖြစ်ပါတယ်။

ဒီတိုက်တွန်းမှုကို တနင်္သာရီတိုင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေ၊ အထွေထွေနဲ့ လူထုလူတန်းစားအစုံပါ၀င်တဲ့ လွတ်လပ်တက်ကြွတဲ့ နိုင်ငံရေးနဲ့တော်လှန်ရေးအင်အားစုတွေ၊ မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပြည်သူလူထုအကျိုးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။