Connect with us

Hi, what are you looking for?

News

ဝမ်းတွင်းမှာ ကလေးမိခင်တစ်ဦးဈေးရောင်းပြီးအပြန်လမ်းမှာ မိုင်းနင်းမိလို့သေဆုံး

မစန္ဒာလင်းဟာ မနက် ၈ နာရီလောက်မှာ ဈေးရောင်းရာကအပြန်လမ်းမှာ မိုင်းနင်းမိပြီး ကွယ်လွန်သွားခဲ့ရတာပါ။

မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ်အတွင်းက ကုန်းရွာမှာနေထိုင်တဲ့ ကလေးမိခင် အသက် ၂၂ နှစ်အရွယ် မစန္ဒာလင်းဟာ ဒီနေ့မနက်ပိုင်းက မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီသိရပါတယ်။

မစန္ဒာလင်းဟာ မနက် ၈ နာရီလောက်မှာ ဈေးရောင်းရာကအပြန်လမ်းမှာ မိုင်းနင်းမိပြီး ကွယ်လွန်သွားခဲ့ရတာပါ။

Public Service Announcement

ဝမ်းတွင်းမြို့ကသတင်းတွေကို ဖော်ပြနေတဲ့ Voice of Wundwin ဖေ့ဘွတ်ခ်ပေ့ချ်မှာဖော်ပြချက်အရ မစန္ဒာလင်းဟာ ငါးရောင်းရာကနေအပြန်မှာအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာလို့သိရပါတယ်။ ကွယ်လွန်သွားတဲ့ မစန္ဒာလင်းမှာ အသက် ၂ နှစ်အရွယ်သားယောင်္ကျားလေး ကျန်ခဲ့တယ်လို့သိရပါတယ်။

ဝမ်းတွင်းမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအင်အားစု ကတော့ ဒီမိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်ဖြစ်ပြီး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။