Connect with us

Hi, what are you looking for?

News

ပြည်သူ့ခုခံစစ် တစ်နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀နီးပါးသေဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူလူထုများကို စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း တို့လုပ်ဆောင်ခဲ့၍ ၂၀၂၁ ဧပြီမှစ၍ ဒေသအသီးသီးတွင် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်တော်လှန်သည့် လှုပ်ရှားမှုများ တစ်နေ့တခြားများပြားလာခဲ့သည်။

(ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် လေးကေ့ကော်ဒေသကို ဖြတ်သန်း၍ ဖလူးကျေးရွာဘက်မှ ဝေါ်လေသို့ ကျူးကျော်ဝင်ရောက်လာသည့် တပ်မ (၄၄)နှင့် တပ်မ (၂၂) လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီ၏ ပူးပေါင်းစစ်ကြောင်းအား ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ပြီးနောက် သေဆုံးနေသော စစ်ကောင်စီတပ်သားအလောင်းများကို မတ်လ၂၇ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်သား ၁၄,၈၉၀ဦး သေဆုံးခဲ့ပြီး ၄,၈၁၄ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု ခုခံတွန်းလှန်စစ်ကို ၂၀၂၁ စက်တင်ဘာ ၉ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက တရားဝင်ကြေညာခဲ့သော်လည်း ယခု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှု၌ ၂၀၂၁ ဇွန်လ ၁ရက်မှ ယခုနှစ် မေလ ၁၇ရက်အထိ ၁၁လခွဲကျော်အတွင်း စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှု အခြေအနေကို ဖော်ပြခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူလူထုများကို စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း တို့လုပ်ဆောင်ခဲ့၍ ၂၀၂၁ ဧပြီမှစ၍ ဒေသအသီးသီးတွင် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်တော်လှန်သည့် လှုပ်ရှားမှုများ တစ်နေ့တခြားများပြားလာခဲ့သည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၁ မေလ ၅ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီး ဒေသအလိုက်၊ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်များ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးဒလန်များ ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ နိုင်ငံတစ်ဝှမ်း၌ နေ့စဉ်ဖြစ်ပေါ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခင်က တိုင်းရင်းသားဒေသအချို့၌သာ စစ်မျက်နှာဖွင့်ခဲ့ရသည့် စစ်ကောင်စီတပ်သည် ရန်ကုန်နှင့် မန္တလး၊ နေပြည်တော်စသည့် မြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝှမ်း၌ ပြည်သူ့ခုခံတော်လှန်စစ်ကို ရင်ဆိုင်ခဲ့ရပြီး နေ့စဉ်နှင့်အမျှ စစ်ကောင်စီတပ်နှင့် လက်ပါးစေများ သေဆုံးထိုခိုက်မှုရှိခဲ့သည်။

လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထိန်းချုပ်ထားသည့် နေရာဒေသများ ပိုမိုများပြားလာနေပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ပို၍ တည်ဆောက်လာနိုင်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ စစ်ကိုင်းနှင့် မကွေး ၊ ကချင်၊ ကရင်၊ ကရင်နီ၊ချင်း စသည့် တိုင်းနှင့် ပြည်နယ်များ၌ တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ စစ်ကောင်စီတပ်ကလည်း ယင်းဒေသများသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်း၊ ပြည်သူလူထုများအပေါ် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပိုမိုတိုး၍ လုပ်ဆောင်လာနေသည်။

ယခင်က တူမီး၊ လက်လုပ်သေနတ်များဖြင့် စစ်ကောင်စီကို ခုခံနေသည့် ပြည်သူလူထုများသည် ယခုအခါ မောင်းပြန်သေနတ်များ ယခင်ထက်ပိုမိုရရှိလာနေသကဲ့သို့ လက်နက်ခဲယမ်းများ တီထွင်ပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ခုခံတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ တော်လှန်ရေးအင်အားစုများဘက်မှလည်း ထိခိုက်ကျဆုံးမှု ရှိခဲ့သော်လည်း အရေအတွက်ပြုစုထုတ်ပြန်ထားမှုများ မတွေ့ရပေ။

သို့ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းနှင့် အလစ်အငိုက်တိုက်ခိုက်ခြင်း စသည့် ပြောက်ကျားနည်းများအသုံးပြုပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ တော်လှန်ရေးရဲဘော်များ ထိခိုက်သေဆုံးမှုမှာ စစ်ကောင်စီတပ်မှ သေဆုံးသည့် အရေအတွက်ထက် လွန်စွာနည်းပါးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook